Chapter 43

2.1K 248 4
                                    

Unicode

မနက်ခင်းမှာ အိပ်ရာနိုးလာပြီးနောက် ခန်ယန်ယန်က မနေ့ညက ကုမျန်ဆီမှာ ဖြစ်ပျက်သွားခဲ့တဲ့အရာကို သိရှိသွားတယ်။ ကုမျန်ကို ရှာဖွေပြီးနောက် သူမက ဝမ်းနည်းနေတဲ့မျက်နှာနဲ့ "မနေ့ညက တစ်ခုခုဖြစ်ခဲ့တာကို ဘာလို့မပြောပြရတာလဲ"

ခန်ယန်ယန်က ကုမျန်ကို သူမရဲ့သူငယ်ချင်းအဖြစ် မှတ်ယူထားပြီးသားဖြစ်တယ်။ အခု သူမရဲ့သူငယ်ချင်းဆီမှာ တစ်ခုခုဖြစ်ပျက်သွားတော့ သူမလည်း အလိုအလျောက်ကို စိတ်ပူသွားတာပေါ့ ။

ခန်ယန်ယန်ရဲ့မျက်နှာပေါ်ရှိ ဂရုစိုက်တဲ့အကြည့်က အတုအယောင်ဖြစ်ပုံမပေါ်တာကြောင့် ကုမျန်က စိတ်သက်သာရာရစွာ ပြုံးလိုက်ကာ "ဒါက မပြင်းထန်ပါဘူး"

ခန်ယန်ယန်က မထောက်ခံခဲ့ဘူး။ "ဒါက မပြင်းထန်သေးဘူးလား ငါ နင့်ကို ပြောမယ် ဒီလိုအရာမျိုးက နယ်ပယ်ထဲမှာဖြစ်တာ တကယ်ကို ရှားပါးတယ် ကြောက်စရာကောင်းလိုက်တာ နင်သတိထားရမယ်နော်"

ကုမျန်ရဲ့နှလုံးသားက နွေးထွေးသွားရကာ "စိတ်မပူပါနဲ့ ဘာမှဖြစ်မှာမဟုတ်ပါဘူး"

ခန်ယန်ယန်က သူမ ဒီကိစ္စကို သိပ်ဂရုမစိုက်တာမြင်သွားတာကြောင့် အကြံပေးလာတယ်။"ဒီလိုလူမျိုးက၊နောက်ယောင်ခံလိုက်တယ်၊ ဓားတွေပို့တယ် သူ ဘာမဆိုလုပ်နိုင်တယ် ကုရှောင်မျန် နင်သတိထားနော်"

"ငါနားလည်ပါပြီ"

သူမက ခန်ယန်ယန်ကို နှုတ်ဆက်လိုက်တယ်။

ရှောင်ကျုးက လမ်းပေါ်ရှိနေစဉ် ကုမျန်နားကို သတိထားချည်းကပ်လာပြီး ကြောက်ရွံတုန်လှုပ်မှုတို့ ရစ်ဝဲနေသေးတဲ့အသံနဲ့ "ငါတို့ မြို့တွေကို မကြာခင်ပြောင်းရတော့မယ်၊ အဲဒီလူလည်း ငါတို့နောက်ကို လိုက်လာမှာလား"

ရှောင်ကျူးက တစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့ရဘူး။ သူမက ကြောင်တက်တက်နဲ့ အကြိမ်ကြိမ်အိပ်ပျော်သွားပြီး အကြိမ်ပေါင်းများစွာ သူ့ဘာသာသူ ပြန်နိုးလာခဲ့တယ်။

သွေးစွန်းနေတဲ့လက်က သူမရဲ့စိတ်ထဲ အမြဲလွင့်မျောနေတာကြောင့် တစ်ညလုံး ထိတ်လန့်ကြောက်ရွံ့နေခဲ့ရတယ်။ ထိုအခိုက်အတန့်မှာ သူမရဲ့မျက်၀န်းတွေက နီရဲနေပြီး မျက်တွင်းတွေတောင် ချောင်နေဟန်ရတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now