Ep.1/ unicode

4.2K 98 2
                                    

Unicode

မျက်လုံးနှစ်လုံး ပွင့်သည်နှင့် မြင်ရသည်က..
အရှိန်ပြင်းပြင်းဖြင့် ဝင်လာသည့် တင်းနစ် ဘောလုံးကြီးးးးးးး

ခွပ်!!!!

နှာခေါင်းထပ်မှ ခပ်ပူပူအရာတစ်ခုစီးဆင်းလာသောကြောင့် သွေးပင်ဖြစ်ပေလိမ့်မည်။
ပူထူ၍နေသော မျက်နာအား လက်ဖြင့် ထိန်းရင်း ပတ်ဝန်းကျင်ကို လေ့လာရန် ဝေ့ဝဲကြည့်မိတော့ ..

မြက်ခင်းစိမ်းစိမ်းများနှင့် ရှေးခေတ်ဝတ်စုံ cosplayဝတ်ဆင်ထားသော သူများက
သူ့အား အံဩမှင်သက်ရင်း
အကြောင်သားငေးကြည့်နေကြသည်

~တစ်ဆိတ်!သူ.. Opera ပြဇာတ်ထဲရောက်နေတာများလားး!

ထိုအထဲမှ အိမ်တော်ထိန်းပုံစံဝတ်ဆင်‌ထားပြီး စာရင်းစာအုပ်ဖြစ်ဟန်ကို ကိုင်ဆောင်ထားသော သူက
သူ့ဆီသို့ ပွစိ..ပွစိ..ရေရွတ်ကာ ခပ်သွပ်သွပ် လမ်းလျှောက် လာ‌နေသည်။

"OMG! ..Mr.Kim !ခင်များ အရှင့်သားစိတ်အခြေအနေမကောင်းတာ
မသိဘူးလားဗျာ; အခု အခြေအနေက
ဖြောင်းဖြဖို့ ကောင်းတဲ့ အချိန်လား!
ခင်များ: အခု မြန်မြန်ထွက်သွားပါတော့!"

"ဟမ်! အခုက ဘာတွေလဲ!..."

" ကျွန်တော့်အရှင်အကြောင်းကို
ကျွန်တော်တို့အသိဆုံးဘဲမို့
ခင်များကို တားနေရတာ အခုဘဲကြည့်လေ
ခင်များရဲ့နှာခေါင်းသွေးတောင်လျှံနေပြီ !"

အိမ်တော်ထိန်းလိုလူ ပြောနေသည်ကို
ဘာတစ်ခုမှ နားမလည်သလို
သူ..အခု ဘယ်အရပ်‌ဒေသကို ရောက်နေသလည်းဆိုတာပင် မသိပေ။

မနေ့ညက ပျင်းပျင်းရှိတာနဲ့
သူ့ရဲ့ ညီလေးဆီမှ Cinderellaပုံစံ ရုပ်ပြစာအုပ်သစ်ကို ငှားယူကာ ဖက်ခဲ့ပြီး အိပ်ယာဝင်ခဲ့သည်လေ။
သူသေချာပေါက် သူ့ရဲ့ အိမ်မှာ အိပ်ခဲ့တာ ။
အခုရောက်နေသည့်နေရာက အရမ်းကို ထူးဆန်းလွန်းနေတယ်။

"Mr. Kim ခင်များ!
ကျွန်တော်ပြောတာ ကြား!......"

အိမ်တော်ထိန်းအဝတ်အစားများနှင့် ထိုသူ၏ စကားသံပင်မဆုံးလိုက်သေးခင်;
အနီးအနားတွင် ရှိသည့်လူအားလုံးဟာ
ကျယ်လောင်စွာရေရွတ်ကာ ချက်ချင်း အရိုအသေပေးကြသည်

Beloved in HaeGaWonWhere stories live. Discover now