Ep.1 / zawgyi

600 15 1
                                        

မျက်လုံးနှစ်လုံး ပွင့်သည်နှင့် မြင်ရသည်က..
အရှိန်ပြင်းပြင်းဖြင့် ဝင်လာသည့် တင်းနစ် ဘောလုံးကြီးးးးးးး
ခွပ်!!!!

သူ့၏မျက်နှာပေါ်တွင် မျက်လုံးတစ်ဖက်တည်းအတွက်သီးသန့် ပြုလုပ်ထားသောမျက်မှန်အဝိုင်းလေးပင် ပြုတ်ကျသွားရပြီး နားမှတစ်ဆင့် ရွှေရောင်ချိန်းကြိုးလေးဖြင့် ချိတ်တွယ်ထားသောကြောင့် ရင်ဘက်ပေါ်တွင်သာ တွဲလဲခိုနေသည်။

နှာခေါင်းမှ ခပ်ပူပူအရာတစ်ခုစီးဆင်းလာသောကြောင့် သွေးပင်ဖြစ်ပေလိမ့်မည်။
ပူထူ၍နေသော မျက်နာအား လက်ဖြင့် ထိန်းရင်း ပတ်ဝန်းကျင်ကို လေ့လာရန် ဝေ့ဝဲကြည့်မိတော့ ..

မြက်ခင်းစိမ်းစိမ်းများနှင့် ရှေးခေတ်ဝတ်စုံ cosplayဝတ်ဆင်ထားသော သူများက
သူ့အား အံဩမှင်သက်ရင်း
အကြောင်သားငေးကြည့်နေကြသည်

~တစ်ဆိတ်!သူ.. Opera ပြဇာတ်ထဲရောက်နေတာများလားး!

ထိုအထဲမှ အိမ်တော်ထိန်းပုံစံဝတ်ဆင်‌ထားပြီး စာရင်းစာအုပ်ဖြစ်ဟန်ကို ကိုင်ဆောင်ထားသော သူက
သူ့ဆီသို့ ပွစိ..ပွစိ..ရေရွတ်ကာ ခပ်သွပ်သွပ် လမ်းလျှောက် လာသည်။

"OMG! ..Mr.Kim !ခင်များ အရှင့်သားစိတ်အခြေအနေမကောင်းတာ
မသိဘူးလားဗျာ; အခု အခြေအနေက
ဖြောင်းဖြဖို့ ကောင်းတဲ့ အချိန်လား!
ခင်များ: အခု မြန်မြန်ထွက်သွားပါတော့!"

"ဟမ်! အခုက ဘာတွေဖြစ်!..."

" ကျွန်တော့်အရှင်အကြောင်းကို
ကျွန်တော်တို့အသိဆုံးဘဲမို့
ခင်များကို တားနေရတာ အခုဘဲကြည့်လေ
ခင်များရဲ့နှာခေါင်းသွေးတောင်လျှံနေပြီ !"

အိမ်တော်ထိန်းလိုလူ ပြောနေသည်ကို
ဘာတစ်ခုမှ နားမလည်သလို သူ..အခု
ဘယ်အရပ်‌ဒေသကို ရောက်နေသလည်းဆိုတာပင် မသိ။
မနေ့ညက ပျင်းပျင်းရှိတာနဲ့
သူ့ရဲ့ ညီလေးဆီမှ Cinderellaပုံစံ ရုပ်ပြစာအုပ်သစ်ကို ယူကာ ဖက်ခဲ့ပြီး အိပ်ယာဝင်ခဲ့သည်လေ။
သူသေချာပေါက် သူ့ရဲ့ အိမ်မှာ အိပ်ခဲ့တာ ။
အခုရောက်နေသည့်နေရာက အရမ်းကို ထူးဆန်းလွန်းနေတယ်။

"Mr. Kim ခင်များ!
ကျွန်တော်ပြောတာ ကြား!......"

အိမ်တော်ထိန်းဆိုသူ၏ စကားသံပင်မဆုံးလိုက်သေးခင်;အနီးအနားတွင် ရှိသည့်လူအားလုံးဟာ ကျယ်လောင်စွာရေရွတ်ကာ ချက်ချင်း အရိုအသေပေးကြသည်

Beloved in HaeGaWonTempat cerita menjadi hidup. Temukan sekarang