Ep.2. / zawgyi

340 12 4
                                    


ထယ်ယောင်းတစ်ယောက်ပေါက်စီ၏အကူအညီဖြင့် ဘုရင့်ထံသို့
မင်းသားဂျွန်၏တစ်နေ့တာစာရင်းဇယားအား သဝဏ်လွှာဖြင့်ရေးသားကာ ဆက်သရန် ပေါက်စီကို လွှတ်လိုက်နိုင်တော့သည်

ပေါက်စီ၏ရှင်းပြမှူများနှင့် အရင်ကမ္ဘာမှတစ်စွန်းတစ်စ သူဖက်ခဲ့သော ရုပ်ပြစာအုပ်ထဲမှ အကြောင်းအရာတွေကို ဆက်စပ်ရင်း
တွေးတောနေခဲ့ပြီး အခုလောကကို အတော်လေးနားလည်နေပြီဖြစ်သည်
သူ့ကိုယ်သူသတ်မှတ်ထားတဲ့ တာဝန်ကတော့ အရင်ဇာတ်ကောင် ကင်ထယ်ယောင်းအတိုင်း ဗီလိန်လုပ်ပြီး ဇာတ်လိုက်နှင့်
ဇာတ်လိုက်မင်းသမီးကို မဝေးစေ​တော့ဘဲ
အမြန်နီးစပ်အောင် ကြံဆောင်ရန်ပင်
ဒါမှသာ သူအသက်ရှင်နိုင်လိမ့်မှာဖြစ်ပြီး
ဇာတ်ကြောင်းကိုလည်း အနည်းငယ်ပြောင်းလဲစေနိုင်မှာဖြစ်သည်
သူဒီလောကထဲ ရောက်လာရတဲ့
အကြောင်းအရင်းက ဇာတ်လမ်းကို ပြောင်းလဲစေဖို့မှမဟုတ်ရင်
ဘာဖြစ်လိမ့်မလဲဆိုတာ
သူလဲမတွေးတတ်​တော့ချေ။
သူသိတာကတော့ အတတ်နိုင်ဆုံးရှင်သန်ဖို့ပင်။
ပထမခြေလှမ်းကတော့ မိထွေးနဲ့အတူ
ဆင်းရဲဒုက္ခခံနေရတဲ့ ဇာတ်နာလွန်းတဲ့
ဇာတ်လိုက်မအကြောင်းကိုသတင်း
အနံ့ခံရမည်။
ဒါကြောင့် ထယ်ယောင်းတစ်ယောက် နန်းတော်ထဲမှ ထွက်ကာ မြို့ဈေးသို့
တစ်ဦးတည်းချီတတ်ခဲ့တော့သည်
သူဈေးကိုရောက်တော့ မနက်က
သူမြင်ခဲ့ရတဲ့ အတိုင်းပင် စည်ကားလျက်ရှိနေသေးသောကြောင့် အံသြရသည်

နေဝင်လုနီးနီးအချိန်ဖြစ်တာကြောင့်
စာအုပ်ထဲကအချက်အလက်အရ မင်းသမီးFlicellaက အမြဲတမ်းအိမ်တွင်းမှူရေးယာနှင့် သူဝါသနာပါသည့် အဝတ်အစားချုပ်လုပ်ခြင်းအတွက် လေ့လာရန်
မြို့စာကြည့်တိုက်သို့ ညနေခင်းတိုင်း
လာလေ့ရှိသည်ဟုပင်
တွေ့မည်/မတွေ့မည်က နောက်ထား
သွားတော့ကြည့်ဖို့ ဆုံးဖြတ်ထားသည်မို့
စာကြည့်တိုက်နာမည်ကို မေးမြန်းရင်း
ထွက်လာခဲ့သည်

အသက်အရွယ်ကြီးရင့်သည့်
အဘိုးအိုတစ်ယောက် ညွှန်ပြရာ၌
မဟော်ဂနီရောင် ကြက်သရေရှိလှတဲ့
စာကြည့်တိုက်ကြီးဟာတည်ရှိနေ၏

ထယ်ယောင်းလည်း အပြင်မှလှမ်း၍အကဲခတ်ကြည့်ရင်း
စာကြည့်တိုက်နှင့်မျက်နှာချင်းဆိုင်
လက်ဖက်ရည်ဆိုင်လိုလို
စားသောက်ဆိုင်လိုလို
စာ​​ကြည့်တိုက်ထက်ပို၍ကြီးမားပြီး
မီးများလင်းထိန်နေသည်ံ့
အဆောက်အဦးအတွင်းသို့ဝင်ရန်
တွေးလိုက်သည်
မျက်နှာချင်းဆိုင်ဖြစ်သောကြောင့် စာကြည့်တိုက်အတွင်းသို့ ကောင်းစွာမြင်ရပေလိမ့်မည်ဖြစ်သည်
သူဝင်လာတော့ ဆိုင်ရှေ့မှ မိန်းကလေးအချို့ကသူ့ထက်ငါ အပြိုင်လာရောက်ကြိုဆိုကာ ဆိုင်အတွင်းသို့ ဆွဲကာ ခေါ်ဆောင်သွားကြသောကြောင့်
ထယ်ယောင်းပင် လန့်ရသည်
"ဟဲ့...ဖြေးဖြေးလုပ်ပါဟ ငါလက်တွေလည်း ပြုတ်ထွက်တော့မယ် "

Beloved in HaeGaWonTahanan ng mga kuwento. Tumuklas ngayon