Ep.6 / unicode

734 53 19
                                    


ယနေ့မနက်ဟာဖြင့် နန်းတော်၏
နေ့ထူးနေ့မြက်နေ့တစ်​နေ့ဖြစ်ပေသည်
အဘယ်ကြောင့်ဆိုသော် ယနေ့က
အိမ်နီးချင်းတိုင်းပြည်များမှ အရေးကြီးတော်ဝင်ပုဂ္ဂိုလ်များ လာရောက်မည်ဖြသ်သောကြောင့်ပင်။
အစေခံများနှင့် နန်းတော်ထိန်းအရာရှိများ
အလွန်ပင် အလုပ်ရှုပ်နေလျက်ရှိသည်
ထိုအထဲမှ ပန်းအလှဆင်နေသော အစေခံမိန်းကလေးနှစ်ဦးမှာ နန်းတော်၏အတွင်းမှ အတင်းအဖျင်းများကို
အာဘောင်အာရင်းသန်သန် ပြောရင်း လုပ်ကိုင်နေကြသည်

" ဟဲ့ ဒီနေ့ လာကြမယ့်တိုင်းတစ်ပါးသားတွေ အကြောင်းပြောရအုံးမယ်"

တစ်ယောက်၏အပြောကြောင့် ကျန်တစ်ယောက်က..ပန်းပွင့် တစ်ပွင့်ကို ပန်းအိုးအတွင်းသို့ထိုးစိုက်ရင်း

"ဆိုပါအုံးးး.."

"မြောက်ဘက်နိုင်ငံကဒီနှစ်မှ ထီးနန်းကို ရယူထားတဲ့.ဘုရင်အသစ်လေ
သူပေါ့.....သူအကြောင်းကိုကြားဖူးတယ်
အရမ်းခန့်ငြားပြီး ဒူးထောက်ရလောက်အောင် ချောမောတာတဲ့အေ, ..."

"ဟယ်......အဲ့လောက်တောင်လားး...."

ပြောပြနေတဲ့တစ်ယောက်က နားထောင်နေတဲ့ တစ်ယောက်၏ ပခုံးကို လက်ဖြင့်ပုတ်လိုက်ပြ်ီး

"ရှိသေးတယ် အနီးနားက တိုင်းပြည်က မင်းသမီးတွေက သူ့ကိိုလိုချင်လို့် စေ့စပ်ပေးထားဖို့ တောင်းဆိုတဲ့ သဝန်လွှာတွေဆို
နန်းဆောင်တစ်ခုတောင်သက်သက်.
ဆောက်ပြီး ထားရတဲ့အထိ များတာဆိုဘဲ..."

" မြင်ဖူးချင်လာပြီဟယ်.... သူသာ ငါ့ကို
တွေ့ပြီး တခါတည်းကြိုက်သွားရင်ကောင်းမှာဘဲ ,ငါ့မျက်နာ အဆင်ပြေနေလား ..."

ထိုစကားကြောင့် ကျန်တစ်ယောက်ဟာ အော်ရယ်လိုက်ပြီးး

"စိတ်ကူးယဥ်မနေနဲ့ သူက ပိုင်ရှင်ရှိသွားပြီ..."

စိတ်ကူးနဲ့ ပြုံးစိပြုံးစိလုပ်နေသော အစေခံမိန်းကလေးမှာ နင့်သွားပြီး

" သွားပါပြီဟယ်.. ဒါနဲ့ အဲ့ဒီကံကောင်းတဲ့ မိန်းကလေးက ဘယ်သူတဲ့တုန်း...."

စိတ်ကူးယဥ်နေသော မိန်းကလေး၏
အမေးကြောင့် ကျန်တစ်ယောက်က သက်ပြင်းချရင်းးး

Beloved in HaeGaWonTempat cerita menjadi hidup. Temukan sekarang