Ep.13 / unicode

551 49 10
                                    



အိမ်ရှေ့စံမင်းသားJeon Jungkook Leo Martin ၊ မိန်းကလေးFlicellaနှင့်
ထယ်ယောင်းတို့ဟာ ထိတ်လန့်ဖွယ်အဖြစ်များကို ကြုံခဲ့ရပြီးနောက်
လူများစုဝေးနေသည့် အခမ်းအနားစတင်မည့်နေရာသို့
နောက်ဆုံးမှာတော့ ရောက်ခဲ့၏
စစ်မရောက်ခင်က မြှားကုန်ဆိုသလို
ပြိုင်ပွဲ မဝင်ရသေးခင်
သူတို့မှာ မောပန်းနွမ်းနယ်နေကြပေဖြစ်သည်။

ထယ်ယောင်းတို့ ရောက်တော့
သူတို့က နောက်အကျဆုံးဖြစ်နေခဲ့သည်။

အတူတူပူးပေါင်းဆောင်ရွက်စေရန်
ရည်ရွယ်ချက်ဖြင့် အဖွဲ့များလည်း ခွဲခြားထား‌ပြီးနှင့်ပြီဖြစ်သည်။

အခမ်းအနားမှူးအဖြစ်
တာဝန်ထမ်းဆောင်သော သံအမတ်ဟာ
ထယ်ယောင်းတို့၃ယောက်က
နောက်ဆုံးကျန်သည်မို့ 
အဖွဲတစ်ခုအဖြစ် ဖွဲ့ပေးလိုက်လေတော့သည်ထို့ကြောင့် ထယ်ယောင်းစိတ်ပျက်မိသည်။

ဇာတ်လိုက်တို့ရဲ့romaticတွေကို
သူမမြင်ချင်မှအဆုံး ကြည့်ရတော့မှာဘဲဟု တွေးမိသည်။
သူ့၏ အောင်သွယ်တော်တာဝန်က
ထိုသူတို့၂ယောက်ကို ဆုံဆည်းစေဖို့ အကျိုးဆောင်ပေးရုံမျှပင်
လုံလောက်နေပြီ ဖြစ်တာကြောင့်
ဇာတ်လိုက်တို့နှင့် အတူတူ တစ်ဖွဲတည်း လိုက်ချင်စိတ်မရှိပေ။

မှိုင်တွေနေခိုက်!
ဂျွန်ဟာ ထယ်ယောင်းလက်အတွင်းသို့
မြှားအိပ်ကို ပစ်ပေးလာသည်မို့
ပို၍ပို၍ စိတ်ညစ်ရသည်

တစ်ပါးသူတွေတောင်
ကိုယ့်အသုံးအဆောင်ကိုယ်
သယ်နေတဲ့ အချိန်မှာ အသားယူနေတဲ့
ထိုသူ့အား လုပ်ပစ်ချင်လိုက်သည်မှာ
လက်တွေကိုယား။
ဇာတ်လိုက်မင်းသားဖြစ်နေလို့သာပေါ့ မဟုတ်ရင် စောစောက ကျားသစ်နက်
လက်ထဲ လိုလိုလားလားနဲ့ကို ကပြီး
ထည့်ပေးပစ်လိုက်ချင်တယ်။

"ကျွန်ုပ်တောင်းဆိုစရာလေးရှိလို့ပါ"

ပြိုင်ပွဲသို့ပါဝင်ယှဉ်ပြိုင်ရန်အဖွဲ့များ
ခွဲပေးထားသည့်နေရာမှ
မျိုးရိုးမြင့်ဂုဏ်သ‌ရေရှိပုဂ္ဂိုလ်များ၊ မင်းညီမင်းသား၊
တော်ဝင်မျိုးနွယ်များသာပါရှိသည့်
လူအုပ်အတွင်းမှ
ရင်းနှီးဟန်တူသော အသံပိုင်ရှင်မှ
အခမ်းအနားမှူးအားတောင်ဆိုသံ‌ကို
ထယ်ယောင်းကြားမိတော့
နားစွင့်ကာ အာရုံစိုက်ထားမိသည်

Beloved in HaeGaWonМесто, где живут истории. Откройте их для себя