Ep. 4 /. unicode

761 48 10
                                    


ထယ်ယောင်းစံအိမ်ကို ပြန်ရောက်တော့
ရေချိုးသန့်စင်ပြီး ပေါက်စီကို စောင့်နေရသည်။
နာရီဝက်လောက်စောင့်ပြီးမှ ပေါက်စီဟာ
ပြန်ရောက်လာခဲ့သည်..
ဇာတ်လိုက်မင်းသမီး Flicellaအကြောင်း
စုံစမ်း၍ရလာသော သတင်းအချို့ကို ပေါက်စီက ပြန်ပြောပြသည်။
ပေါက်စီပြောပြသည့် ဇာတ်လိုက်မအကြောင်းအရာများဟာ မူရင်းဇာတ်လမ်း
နှင့် နဲနဲမျှ မကွဲလွဲသော ကြောင့်
စိတ်ပူစရာမရှိပေ။
သို့ပေမဲ့ ပေါက်စီပြောစကားအရ
ဇာတ်လိုက်မဟာ သတင်းဘုရင်ဟု
HaeGaWonမြို့မှာနာမည်ကြီးသော
လူတစ်ယောက်ဆီသို့သွားခဲ့သည်ဟုသောအကြောင်းရာမှာ ထယ်ယောင်းအတွက်
ထူးဆန်းဖွယ်ရာပင်။
ဇာတ်လိုက်မင်းသမီးလို ဖြူစင်ရိုးသားသူတစ်ယောက်ကတော့သတင်းဘုရင်ဆီသို့
ဘာကြောင်းကြောင့်နဲ့သွားရသလဲဆိုတာ စဉ်းစားရခက်ပေသည်

" ပေါက်စီ သတင်းဘုရင်ဆိုတာက ဘယ်လိုလူမျိုးလဲ"

ထယ်‌ယောင်း၏အမေးကိုပေါက်စီက..

"ကျွန်တော်ကြားဖူးတာကတော့ သူက
ဘယ်ကလာတယ် ဘယ်မျိုးနွယ်စုက
မွေးဖွားလာမှန်း မသိကြပေမယ့်
HaeGaWon မြို့တော်ရဲ့သတင်းတွေနဲ့
စာပေကိစ္စတော်တော်များများကို ဖြေရှင်းပေးနိုင်တယ်လို့ ပြောကြတယ် သူကိုလူတွေက  Hobiဆိုတဲ့ နာမည်နဲ့ သိကြသေးတယ်....”

ထိုလျို့ဝှက်နက်နဲသော သူအကြောင်းကို ကြားရတော့ ထယ်ယောင်း အတော်လေး စိတ်ဝင်စားမိသည်
ဇာတ်လိုက်မင်းသမီး ဘာလို့  သူနဲ့ အဆက်အသွယ်လုပ်နေရသလည်းဆိုတာကို
သူဆီကနေဘဲ သိနိုင်မည်ကိုးး

”ပေါက်စီ..... အဲ့ဒီလူကို ငါတို့ ဘယ်လို
ဆက်သွယ်လို့ရနိုင်မလဲ....”

ပေါက်စီက လက်ဖျောက်တီးရင်းး

”သေချာပေါက်  ပိုက်ဆံဘဲပေါ့ဗျာ...”

ပိုက်ဆံ...ဟု ထယ်ယောင်းစိတ်ထဲတွင် ရေရွတ်ရင်း
တွေးမိသည်က...
မိထွေးနဲ့ အမနှစ်ယောက်၏ဖိနှိပ်အနိုင်ကျင့်ခြင်းကိုခံနေရသည့် ဇာတ်လိုက်မင်းသမီးက
ပိုက်ဆံနဲ့ဘဲ ဆက်သွယ်လို့ရမဲ့
ထိုလျို့ဝှက်လွန်းတဲ့လူကို ဆက်သွယ်နိုင်ခဲ့ရတဲ့ အကြောင်းရင်းကိုပေါ့

Beloved in HaeGaWonWhere stories live. Discover now