Ep.5 / unicode

772 50 6
                                    

Ep.5

မျက်စိရှေ့မှာမြင်နေရတဲ့တစ်လျှောက်လုံး
အမှောင်အတိပြီးနေခဲ့ပြီး
ညဟာလည်း လကွယ်ညဖြစ်သောကြောင့်ကြယ်ရောင်ကိုသာအားကိုးပြီးတော့
ထယ်‌ယောင်း လျှောက်လာခဲ့သည်တစ်ခါတစ်ရံ သစ်ပင်များပေါ်နှင့်
သူ့၏အနားတဝိုက်တွင်ပိုးစုန်းကြူးလေးများမှိတ်တုတ်,မှိတ်တုတ်ဖြင့် ဖြတ်သန်းသွားသည်ကိုမြင်ရသည်။
ညအခါ၌အစာရှာထွက်တက်သော
တောကောင်ငယ်လေးများ၏ တောတိုးသံကိုလည်းကြားနေရသည်။
ဟုတ်ပါတယ်
သူ...အခုမြောက်ဘက် အမှောင်တောအုပ်အတွင်းသို့ အနေခက်လှသော
မိန်းမဝတ်စုံကြီးဖြင့်ရောက်ရှိနေခြင်းဖြစ်သည်
စကတ်အရှည်မှာရှည်လွန်းသောကြောင့်
လမ်း‌လျှောက်ရသည်မှာ အဆင်မပြေဘဲ
ရှိနေသည်
ဇာတ်လိုက်မင်းသမီးနှင့် တွေ့လို့,တွေ့ငြားရှာဖွေကြည့်မိသေးသည်
သို့ပေမယ့်
အမှောင်အတိပြီးနေသော တောအုပ်အတွင်း၌ ထယ်ယောင်း တစ်ယောက်တည်းသာလျှင်
ရှိနေခဲ့သည်

ထယ်ယောင်း ကောင်းခြင်းနတ်ဘုရားကိုရှာဖွေမည်ဟူသောရည်ရွယ်ချက်ဖြင့်
လာခဲ့သည်ဆိုပေမယ့် ဘယ်ကနေစပြီး
ရှာရမလဲဆိုတာကိုသူမသိပေ။

ရှာရင်းဖွေရင်းဖြင့် တောအုပ်အတွင်းသို့ဝင်လာခဲ့တာ အတော်ပင်ခရီးပေါက်နေခဲ့ပြီဖြစ်သည်။
တောအုပ်၏တစ်နေရာအရောက်
တောခွေးအတစ်ကောင်၏ဆွဲဆွဲငင်ငင်
အူလိုက်သောကြောင့် ကြက်သီးပင်
ထမိသည်....
သို့နှင့် ထယ်ယောင်းလည်း
ခပ်မြန်မြန်လျှောက်ကာ မပြေးရုံတစ်မယ်ဆက်၍သွားသည်
တောအုပ်အတွင်းသို့ဝင်လာခဲ့တာ
အတော်ပင်ကြာခဲ့ပြီမို့လို့
ထယ်ယောင်းလည်း မောဟိုက်လာခဲ့သည်ထို့ကြောင့်မတ်တတ်ရပ်ကာ ခါးကိုကိုင်းပြီးလက်နှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ်သို့
ထောက်ရင်း အမောဖြေလိုက်သည်

ချမ်းအေးသောညအခါမှာပင် ထွက်နေသောချွေများကို လက်ဖမိုးဖြင့် ပင့်ကာ
သုတ်လိုက်ပြီးတော့ နေရာအနေအထားကိုအကဲခတ်ကြည့်လိုက်သည်
ထူးဆန်းစွာပင် ထယ်ယောင်း၏အနီးမလှမ်းမကမ်းတွင်မီးရောင်မှိန်မှိန်အား
တွေ့လိုက်ရသည်။
အနည်းငယ်ပျော်သွားမိပေမယ့်
ငယ်ငယ်က နားထောင်ဖူးခဲ့သော
ကြောက်စရာပုံပြင်တချို့ကို
အမှတ်ရမိသွားသောကြောင့်ရင်ထဲ၌
တုန်လှူပ်သွားရသည်။

Beloved in HaeGaWonWhere stories live. Discover now