Ep.9 / Zawgyi

280 10 0
                                    


နက်ရှိုင်းတဲ့ အနက်ရောင်အမှောင်ထုထဲမှာ
လူတစ်ယောက် သည်းထန်စွာ ငိုနေခဲ့တယ်
ထယ်ယောင်း အသံကြားရာကို ရှာနေမိပေမဲ့ ထိုသို့ ငိုကြွေးနေသောသူကို ရှာမတွေ့နိုင်ခဲ့ဘူး
သူတိုးဝှေ့ပြီးရှာလေ အသံဟာ ပို‌၍
ကျယ်လောင်လာလေ ဖြစ်နေရသည်
ရှာလို့မတွေ့လေ စိတ်အလိုမကျဖြစ်လာရပြီး အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေခဲ့မိသည်
နောက်ဆုံးမှာ နားကို လက်နှစ်ဖက်နဲ့အုပ်ကိုင်ပြီး မျက်လုံးကို မှိတ်ချပစ်လိုက်ရ‌သည်
ခေါင်းအတွင်း၌ ချာချာလည်နေပြီး
အရာတစ်ခုခုက ဆွဲချနေသလိုမျိုး
အသံတွေကို လုံးဝမကြားနိုင်လောက်အောင် လက်နှစ်ဖက်ဖြင့် နားကိုဖိကပ်ထားမိသည်
ခဏလောက်အကြာ၌
အရာအားလုံးဟာ ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွားပြန်တာကြောင့်
ထယ်ယောင်းဟာ လက်ကိုဖြေးညှင်းစွာ နားမှခွာကြည့်လိုက်တယ်
သူ့နာမည်ကို ခေါ်နေတဲ့ တိုးလျသော အသံကို ကြားရပြန်သည်
ထယ်ယောင်း မျက်လုံးကို အမြန်ဖွင့်ကြည့်လိုက်တော့
သူ့ရဲ့ ရှေ့မှာ သူ့ကိုနောက်ကျောပေးပြီး ထိုင်နေသောသူတစ်ယောက်ကိုတွေ့ရသည်
ထိုသူ၏ကိုယ်လုံးဟာ
တဆက်ဆက်တုန်နေခဲ့ပြီး
ထယ်ယောင်းကြားနေရသော သူ့နာမည်‌ကိုခေါ်သောအသံမှာ
ထိုကောင်လေးဆီကပင်ဖြစ်သည်
အကူအညီလိုနေလို့များလားဟု
တွေးမိပြီး အနားကို အမြန်သွားလိုက်ပြီး ပခုံးကို သွားကိုင်ကြည့်လိုက်ရာဝယ်

ထိုတုန်ရီနေသော လူငယ်လေးဟာ
ထယ်ယောင်း၏ဘက်သို့ လှည့်ကြည့်လာခဲ့သည်.

"ဟင်!....မင်းးး!...."

ထယ်ယောင်းအလွန်ပင် အံအားသင့်သွားမိပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်
သူ့၏ရှေ့၌ ရန်လိုနေသောအကြည့်နဲ့
ကောင်လေးက သူကိုယ်တိုင်ဘဲ ဖြစ်နေခဲ့သည်။
သူနဲ့တစ်ပုံစံတည်းတူနေသော ထိုကောင်လေးက တဟားဟားအော်ရယ်ပြီးး..

"မင်းက သေသင့်တယ်။
မင်းက အရာအားလုံးကိုဖျက်ဆီးလိုက်တာ
မနေ့ညက ကြင်ယာတော်‌က မင်းဆိုတာသာ အရှင်မင်းသားသိရင် မင်းရဲ့ဘဝတော့သွားပြီ။
မင်းက သောက်သုံးမကျတဲ့
တစ်ကယ်အမှိုက်ဘဲ!!......"

ထိုသို့အော်ပြောပြီး ထယ်ယောင်း၏ လည်ပင်းကို ရုတ်တရက်ဆွဲကာ
ညစ်တော့သည်
ထယ်ယောင်း အတင်းရုန်းကန်လိုက်ပြီးး

Beloved in HaeGaWonHikayelerin yaşadığı yer. Şimdi keşfedin