Ep.8 /🔞 unicode

1.2K 58 5
                                    

ထယ်ယောင်းစံအိမ်ကိုပြန်ခဲ့ပြီး  ရေချိုး
သန့်စင်ထားလိုက်သည်..
စံအိမ်အတွင်းမှာ
တောင်လျှောက်လိုက် မြောက်လျှောက်လိုက် လုပ်နေမိပြီး အနီရောင် အစက်သုံးစက် အကြောင်းကိုဘဲ စဥ်းစားတွေးတောနေခဲ့သည်
တခြားနည်းလမ်းရှိသေးမလားဟု
ကြေးမှူန်မှန်ငယ်လေးအား
သူမေးကြည့်မိသေးသည် သို့ပေမဲ့
ဘာမှ တုံ့ပြန်ခြင်းမရှိခဲ့ပေ။
သူခေါင်းတွေခြောက်လာ ရပြီး...
စဥ်းစားလို့ကို မရပေ
သွားလှန်ကြည့်လို့မရတာတော့ သေချာသည်
တခြားသူဆို စနောက်သလိုလိုနဲ့ ရောယောင်ပြီး လုပ်လို့ရသေးသည်။
အခုဟာက မင်းသားဂျွန်တဲ့လေ..
သူဘယ်လိုများ ဆက်လုပ်ရပါတော့မလဲ
အခုအချိန်မှာ စဥ်းစားရ ခက်စွာဖြင့်
ထယ်ယောင်း တစ်ယောက်တည်း
ပြာယာခတ်နေမိသည်။
သူ.ပေါက်စီကို ထိုရှက်ဖွယ်ကောင်းတဲ့ကိစ္စကို မပြောဘူးဟု ဆုံးဖြတ်ထားပေမဲ့ သူလည်းမတတ်နိုင်တော့တာကြောင့် ပြောပြလိုက်ရသည်..
ထယ်ယောင်း ပြောပြလိုက်သည်နှင့် ပေါက်စီဟာ
အလန့်တကြား ထ၍ အော်တာ​ကြောင့်
ထယ်​ယောင်းအမြန်ပင် တားလိုက်ရသေးသည်

ပေါက်စီက အတော်အတန် တိတ်ဆိတ်နေပြီးမှ သက်ပြင်းချကာ

”ဘယ်တတ်နိုင်ပါ့မလဲ ဆရာ့ကို စိတ်မချပေမဲ့ ကျွန်တော် ကူညီပေးပါ့မယ်...”

ပေါက်စီဟာ...ထိုသို့ပြောပြီး ထယ်ယောင်းအနီးသို့ ကပ်လာကာ နားအနီးတိုး၍ ပြောပြသော အကြောင်းအရာကြောင့်..
ဒီတစ်ခါ အော်ရသည့်သူက ထယ်ယောင်းပင် ဖြစ်ချေတော့သည်
ပေါက်စီပြောသည့်အရာက...
အရှင်မင်းသားက အိမ်ရှေ့စံဖြစ်ပြီး လုံခြုံရေးအလွန်တင်းကြပ်စွာ ဝန်းရံခံထားရသူဖြစ်တာကြောင့်
ချောင်းကြည့်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ အရှင်မင်းသားရဲ့ အနားကို ကပ်နိုင်ဖို့နဲ့ အတွင်းကျကျလေ့လာနိုင်ဖို့မှာ ကိုယ်လုပ်တော်များသာတတ်နိုင်တာ
ဖြစ်သောကြောင့် ကိုယ်လုပ်တော် အဖြစ်ဟန်ဆောင်ပြီး သွားဖို့ပင်ဖြစ်သည်

ဒီကလေးနဲ့ Mr.hobiက ငါ့ကိုဘဝပျက်စေဖို့အတွက်နဲ့ မွေးဖွားလာကြလေသလားဟုပင်အတွေးပေါက်မိသည်

”ငါတို့ မိန်းကလေးတစ်ယောက်ကို ငှားရအောင်လေနော်..ပေါက်စီ!..."

Beloved in HaeGaWonWhere stories live. Discover now