Ep.12/ unicode

469 57 5
                                    



အမဲလိုက်ပွဲ စတင်မည့် တောအုပ်အနီးက စခန်းချရာနေရာသို့
ထယ်ယောင်းသွားနေတာဖြစ်သည်။
သူ့၏ကျောအထက်၌
အမဲလိုက်ပွဲတွင် ကိုင်ဆောင်ခွင့်ပြုသော လေးနှင့် မြှားတံများပါရှိသည့် လေးလံလှသော မြှားအိပ်ကို သယ်ဆောင်ထားရသည်
မြှားနှစ်လက်နှင့် လူနှစ်ယောက်စာမြှားတံများဟာ အလွန်ကိုလေးလံနေတာကြောင့် ထယ်‌ယောင်း၏ ခြေထောက်များကို ပုံမှန်ထက်နှေးကွေးစေသည်။

"Mr.Kim ခင်များရဲ့စောစောက အားအင်တွေက ဘယ်ရောက်သွားတာလဲ?
အရမ်းနှေးတာဘဲ အခမ်းအနားကိုမမှီရင်
ခင်များကြောင့်ဘဲနော်...Jaaaa!"

ထယ်ယောင်းမောပန်းနေရတာကြောင့်
မြင်းပေါ်ကနေ ‌လေတိုက်နေသော
ချစ်လှစွာသော မင်းသားJeon Jungkook Leo Martin ဆိုသူအားး ကျိန်ဆဲဖို့ပင် မတတ်နိုင်တော့ပါ

အနှီမင်းသားက သူ့အား
အဝတ်ကူပြီး ဝတ်ပေးတဲ့အချိန်တုန်းက
လက်ကိုကိုက်လိုက်မိတာနဲ့ပတ်သက်ပြီး
လေးလံသောအရာများကို သယ်ခိုင်းပြီး
တမင်လက်စားချေနေခြင်းဖြစ်သည်

ထယ်ယောင်းချွေးများကို သုတ်ပစ်လိုက်ပြီး
မြင်းပေါ်ကနေ ကျော့ကျော့လေးစီးနေသော မင်းသားဂျွန်အား နဂါးမျက်စောင်းဖြင့်
လှမ်းပြီးထိုးလိုက်သည်။

ယခုလမ်းမှာ သူနှင့်အရှင့်သားနှစ်ဦး
တည်းသာ ရှိနေပြီး အချွေအရံများက
အမဲလိုက်ပွဲတွင် ခေါ်ဆောင်ခွင့်မရှိတာကြောင့်ပါမလာခဲ့ပေ။

ထယ်ယောင်းကြမ်းထမ်းလှသော
ခယောင်းလမ်းကို ထောက်ကန်ပြီးလမ်းလျှောက်နေရတာကြောင့်
ကောက်ရိုးမျှင်များရှိနေသော
ချိုင့်ခွက်တစ်ခုကို နင်းမိလိုက်တာကြောင့်
လူဟာ ဟန်ချက်ပျတ်ပြီး
လေးဘက်ထောက်အနေအထားသို့
လဲကျသွားရသည်
မြှားအိပ်ကလည်း ပွင့်ထွက်ကာ
မြှားတံအချို့က အပြင်သို့ထွက်ကျလာပြီး
ခါး၌ လွယ်ထားသော အစားအသောက်အိပ်လေးအား ထိုးစိုက်မိသွားတာကြောင့်
အတွင်းမှ နီစွေးစွေး စတော််ဘယ်ရီယိုများအနည်းငယ် စိမ့်ထွက်လာသည်

အရှေ့တော်တော်ဝေးဝေးရောက်နေသော
အရှင့်သားဂျွန်ဟာ အသံများကြောင့်
တစ်ချက်ပြန်လှည့်ကြည့်ကာ
မြင်းဇာတ်ကြိုးကို ဆွဲကာ ပြန်၍
လှည့်လာသည်ကို ထယ်ယောင်းကြည့်ရင်း အကြံတစ်ခုရလာခဲ့သည်။

Beloved in HaeGaWonTempat cerita menjadi hidup. Temukan sekarang