EP.7 / unicode

755 55 10
                                    


”လူလိမ်....သတင်းးဘုရင်!!!!!!!..."

"အယ်!!....မဟုတ်!....."

ထယ်ယောင်း၏ အလန့်တကြားအော်လိုက်သော အသံကြောင့် ကြိုဆိုပွဲအခမ်းအနားမှ
လူများ၏မျက်လုံးများသည်
ထယ်ယောင်းဆီသို့ စုပြုံရောက်ရှိလာတဲ့အတွက် အာလုံးကို ရှက်ပြုံးဖြင့်
အားနာမိကြောင်းကိုပြသလိုက်ပြီးမှ
မင်းသမီး ၁ ရဲ့ ဘက်သို့ လှည့်လိုက်ရာဝယ်..

မရှိတော့ချေ။
အခုဏလေးကမှ နူးညံ့ငြိမ်သက်စွာထိုင်နေသောသူက အခုလို လျင်မြန်တဲ့ အရှိန်နှူန်းနဲ့
ထယ်ယောင်း၏ မျက်စိရှေ့က ပျောက်သွားသည်အထိ ပြေးနိုင်တာက အံ့သြစရာပင်ဖြစ်သည်

အစက သူ..သိပ်မသေချာပေမဲ့ အခုလို့
ပြေးထွက်ပျောက်ကွယ်သွားပုံအရ သေချာပေါက် သတင်းဘုရင် Mr.Hobi နဲ့
ပါတ်သတ်မှူတစ်ခုခု ရှိကိုရှိပေလိမ့်မည်။
မင်းသမီး ၁ sofia မှာ အမွှာရှိနေတာ
ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ကောင်းခြင်းနတ်ဘုရား ဆော်ပလော်တီးထားတဲ့ ဒဏ်ရာအနေအထားခြင်းတူနေသည်ကတော့
ငြင်းလို့မရတဲ့ အချက်ပင်ဖြစ်သည်
ထိုကိစ္စကို သေချာစုံစမ်းဖို့ ထယ်ယောင်း
တေးထားလိုက်ပြီး ,ကြိုဆိုပွဲကိုသာ အာရုံစိုက်လိုက်တော့သည်။

မနက်တုန်းက အိပ်ရာထနောက်ကျခဲ့သည်မို့
ဘာမှ စားမလာရသေးတာကြောင့်
စားစရာတွေ တည်ခင်းထားသည့်
စားပွဲတန်းရှည်ကြီးများရှိရာသို့
လာခဲ့လိုက်သည်။
မွှေးပျံ့ကာ အဆင့်မှီပြီး လှပသော အချိုပွဲများကိုတည်ခင်းထားသည်။
ပေါ့ပေါ့ပါးပါးစားလို့ရနိုင်မဲ့
အသီးစုံနှင့်စတော်ဘယ်ရီယိုညှပ်ထားသည့်
ပေါင်မုန့်ဖြူ sizeကြီးကြီး တစ်လုံးကို
ယူလိုက်သည်

ပေါင်မုန့်အဖြူဟာ နူးညံ့လွန်းပြီး
စတော်ဘယ်ရီရနံ့ဟာလည်း အလွန်ကို
လက်ဆတ်ချိုမြနေပြီး စားချင်စဖွယ်ပင်။
အကိုက်ကြီးကြီး တစ်ကိုက် ကိုက်လိုက်ပြီး အရသာခံရင်း ဝါးနေမိသည်။

ထယ်ယောင်း တောင်ကြည့်မြောက်ကြည့်
ကြည့်​နေရင်း မင်းသားဂျွန်နှင့် ကံခေစွာ မျက်လုံးချင်းဆုံမိသည်။
မုန့်ပင် နင််သွားရပြီး ကိုယ့်ရင်ဘက်ကိုယ်
ခပ်ဖွဖွထုရသေးသည်
မင်းသားဂျွန်ဆိုတဲ့သူ လုပ်ပုံဘဲကြည့်
မလှူပ်မယှက် တည့်တည့်ကြီးစိုက်ကြည့်နေပုံက အနေခက်လှသည်။
ထယ်ယောင်း မျက်လုံးလွှဲလိုက်ပြီး
ခဏအကြာ ပြန်အကဲခတ်​ကြည့်လိုက်တော့ကြည့်နေပြန်သေးသည်
ထို့ကြောင့်ထယ်ယောင်း မုန့်ကို မြိုချလိုက်ပြီး ”ဘာလဲ”ဟူသော သင်္ကေတဖြင့်
မေးငေါ့ပြလိုက်သည်
မင်းသားဂျွန်က ထယ်ယောင်း၏
အပြုအမူကြောင့် မျက်လုံးတစ်ဖက်ကို
ပင့်တင်လိုက်ပြီး
”ဒီကိုလာခဲ့”ဟူသော အဓိပ္ပါယ်ဖြင့်
လက်ညှိုးကို ကွေးလိုက် ဆန့်လိုက်လုပ်ကာ ခေါ်သည်။

Beloved in HaeGaWonWhere stories live. Discover now