Ep.3 / unicode

818 55 5
                                    

ယခုမနက်ကTime travel ပြီးတဲ့နောက်
မြို့တော်မှာပထမဦးဆုံးအကြိမ်အိပ်ပြီး
နိုးထလာရခြင်းဖြစ်သည်
ထယ်ယောင်းတစ်ယောက် အိပ်ရာနိုးထလာပြီး ပေါက်စီအားကြည့်လိုက်ရာဝယ်
ထိုကောင်ငယ်လေးက ထယ်ယောင်းထက်ပင်
စောနိုးနှင့်ပြီးပြီဖြစ်သည်။
ထယ်ယောင်း မျက်နှာသစ်ဆေးကြောပြီးသည်နှင့်
နန်းတော်၏အစေခံဖြစ်ဟန်တူသည့်မိန်းကလေးငယ်တယောက်က အစားအစာလာပို့သည်။
ထိုမိန်းကလေးပြန်သွားမှ  ထယ်ယောင်းနှင့်ပေါက်စီလည်း ထမင်းစားရန်ပြင်သည်
လာပို့ထားသောအစားအစာများမှာ ထမင်းအဖြူနဲ့ အမည်မသိအရွက်တချို့ကိုရေလုံပြုတ်ထားသော
ဟင်းရည်ခွက်တစ်ခွက်မျှသာဖြစ်သည်
ပေါက်စီက ထိုအစားအစာများအားကြည့်ပြီး နှာခေါင်းရှုံ့ကာ မြည်တွင်တောက်တီးနေသည်။
ပေါက်စီပြောသည့်အတိုင်း ဟိုအကျင့်ပျက်
ခြစားတဲ့မင်းသားသည်
သူတို့ဆရာတပည့် နှစ်ယောက်အပေါ်
ပညာပြနေချေပြီ။

ထယ်ယောင်းလည်းအရသာတစ်စက်မှ မရှိသည့်ဟင်းလျာများကိုကြိတ်မှိတ်စားပြီး
အမြန်အဆုံးသတ်လိုက်သည်။
ထို့နောက် ပန်းကန်များ သိမ်းဆည်းနေသော
ပေါက်စီ အားကြည့်၍

" ပေါက်စီ ဒီနေ့ဘုရင်မင်းမြတ်ကငါ့ကို
သူနဲ့လာတွေ့ဖို့ပြောထားတယ်မလား"

"ဟုတ်တယ်လေဆရာဘာဖြစ်လို့လဲ"

" ငါတစ်ယောက်တည်းပဲသွားမယ်
မင်းမလိုက်ခဲ့နဲ့...."

ထယ်ယောင်း၏အပြောကြောင့်ပေါက်စီဟာ
နှုတ်ခမ်းကိုဆူလိုက်ပြီး

"ဘာလို့လဲဆရာ ဆရာကိုစိတ်မချပါဘူး
ဟိုမင်းသားနဲ့တွေ့နေမှဖြင့်...."

ထယ်ယောင်းအနည်းငယ်ပြုံးမိသွားပေမယ့်ပြန်ပြင်လိုက်ရင်း

"ပေါက်စီ, ငါက ကလေးမှမဟုတ်တာကိုကွာ..
မင်းကိုမခေါ်တာကအကြောင်းရှိပါတယ်ကွ.."

"ကျွန်‌တော့်ကို ခိုင်းစရာတစ်ခုခု ရှိလို့လား။"

"ဟုတ်တယ်, ငါ့အတွက်စျေးထဲမှာသွားပြီးမိန်းကလေးတစ်ယောက် အကြောင်းစုံစမ်းပေးစမ်းပါကွာ"

ပေါက်စီက ထယ်ယောင်းနဲ့မလိုက်ရ၍
စိတ်မကောင်းဖြစ်နေပေမဲ့
ထယ်ယောင်း၏စကားအား နာခံရှာသည်

Beloved in HaeGaWonWhere stories live. Discover now