(၅)

321 48 1
                                    


ကုတင်လေးလုံးရှိနေသည့် အခန်းထဲမှာ တီချယ်က ခူးလ်ကို ခဏထားခဲ့ပြီး အောက်ထပ်သို့ ရေချိုးဆင်းသွားလေသည်။ ကုတင်ပေါ် သက်သောင့်သက်သာ လှဲနေရန်လည်း တီချယ်က ပြောခဲ့၏။ ထို့ကြောင့် တီချယ့် ကုတင်ပေါ် ခဏလှဲမိပါသည်။ ခေါင်းအုံးပေါ်က မွှေးရနံ့ကို ရသည့်အခါ စိတ်ထဲ မနေနိုင်အောင် ဖြစ်မိပြီး ခေါင်းအုံးကို ရင်တွင် ပွေ့ပိုက်ထားမိလိုက်၏။ ရင်ထဲတွင်လည်း တလှပ်လှပ်နဲ့ ခံစားလာနေရသည်။ သစ်ရွက်လှုပ်တာမြင်ပြီး ရင်ခုန်သည့်အရွယ်ဆိုတာ ဒါမျိုးကို ပြောလေသလားဟုတောင် ထင်မိသည်။

တီချယ့်ကို စောင့်နေရင်း ရုတ်တရက်ထလိုက်မိသည့်အခါ ဗိုက်က ပြန်အောင့်လာပြန်သည်။ အစားလည်း မမှား၊ အစာစားချိန်လည်း နောက်မကျပါဘဲနဲ့ ဗိုက်အောင့်တာကို စိတ်ပျက်မိသည်။ ဗိုက်အောင့်တာက တခြားနာကျင်မှုတွေနဲ့လည်း မတူ။ တချက်အောင့်တိုင်း လောကကြီးကနေ ဖြုတ်ခနဲ ထွက်ခွါသွားရတော့မလိုအထိ နာသည်။ ကုတင်ပေါ် ပြန်လှဲရင်း ဘေးတစောင်း ကွေးပြီး ပြန်နေမိသည်။ ခဏနေတော့ နဖူးပေါ်မှာ ချွေးစေးတွေပါ ပြန်ထွက်လာမှန်း ကိုယ့်ကိုယ်ကို သိသည်။ တီချယ် မြန်မြန်ပြန်လာပါတော့ဟု ခူးလ် ဆုတောင်းနေမိပါသည်။

ခဏအကြာတွင်တော့ တံခါးရွက် လှုပ်သွားသံကို မသဲမကွဲကြားလိုက်ရ၏။ တကယ်လိုလို စိတ်ကူးထဲက ကြားယောင်တဲ့အသံလိုလို။

"ဟိတ်...ခူးလ်ရေ၊ သတိထားဦး"

ကလေးမ၏ ပုံစံက တချက်တချက် အင့်ခနဲ ညည်းညူလာတာကလွဲလို့ သတိပါလစ်နေသလိုလို ဖြစ်နေသည်။ နဖူးပေါ်မှာ ချွေးစေးက စိုကပ်နေသည်။ ဒူးကို ကွေးပြီး ဝမ်းဗိုက်ကို လက်ဖြင့် ဖိထား၏။

"အပြင်ဆေးခန်းသွားရအောင်၊ မဟန်တော့ဘူး မဟုတ်လား"

နဖူးပေါ်က ချွေးစေးတွေကို သုတ်ပေးပြီး ခဏနေတော့ သူ မျက်လုံး ပွင့်လာသည်။ ဟေမာန့်အသံကို သူကြားသည်။ ခေါင်းပြန်ညိမ့်ပြသဖြင့် စောစောကလို သူ့ကို တွဲခေါ်ရ၏။ သူက အရပ်ပိုမြင့်နေသဖြင့် လှေကားအဆင်းမှာ နှစ်ယောက်စလုံး လိမ့်ပြီး ကျမသွားစေရန် အတော်ထိန်းလိုက်ရသည်။ သောကြာနေ့ဖြစ်သဖြင့် အဆောင်တခုလုံးမှာ တချို့ထောင့်စွန်းအခန်းက ဆရာမတွေသာ ကျန်ရှိနေသည်။ အကူအညီတောင်းဖို့ကျတော့လည်း ချက်ချင်း မဖြစ်လိုက်နိုင်။

ကောင်းကင်ပေါ်မှာ လိမ္မော်ရောင် တိမ်သားတွေက ပြေးနေသည်။ မိမိတို့ ဆိုင်ကယ်လေးကလည်း ဘောလုံးကွင်းဘေးက မယ်ဇလီပင်တွေကို တရိပ်ရိပ်ကျော်ပြီး ကျောင်းဝင်းထဲက အထွက် ဒုတိယမြောက်ဂိတ်ကို ရောက်သည်။ ညနေခင်းဖြစ်သဖြင့် လမ်းပေါ်မှာ အိမ်အပြန်ဘတ်စ်ကားတွေ များနေသည်။ ချက်ချင်းလမ်းမကူးနိုင်။ ရပ်နေရသည့် ထိုအချိန်မှာပဲ ခါးပေါ်မှာ ရစ်တွယ်ထားသည့် လက်နှစ်ဖက်က ပိုပြီး တင်းကျပ်လာတာကို ခံစားမိလာသည်။

'ကားတွေရယ် ရှင်းပါတော့လား'

စိတ်ထဲ အားမလိုအားမရစွာနဲ့ ညည်းညူမိသည်။ လမ်းတဖက်ကို ကူးပြီး ရှေ့ကို ဆက်သွားလိုက်တာနဲ့ ဆေးခန်းက ရောက်ပြီ။ ဝေးများဝေးလျှင် ဘယ်လိုလုပ်ရပါ့မလဲ။

ဆေးခန်းရောက်တော့ ဆေးခန်းမှာ တခြားလူနာတယောက်မှ ရှိမနေပါ။ ယနေ့မှ မဟုတ်၊ တခြားနေ့များဆိုရင်လည်း လူကရှင်းသည်။ သို့သော် ဆရာဝန်က ဆေးပါသွင်းခိုင်းသဖြင့် စောင့်ရသည့်အချိန်က ကြာသွားသည်။ ပြန်လာချိန်မှာ မိုးက စုန်းစုန်းချုပ်‌နေခဲ့ပါပြီ။

၈၈ /၂၁Where stories live. Discover now