(၇)

312 41 4
                                    


မမ မျက်ရည်က မိမိစိတ်နှလုံးကို တစစီဆွဲဆုပ်ပစ်နေသလိုပါပဲ။ မမတောင် ဒီလောက် ငိုချင်နေလျှင် မိမိကရော ဘယ်လိုတောင် ခံစားနေရမလဲ မတွေးမိဘူးလား။

"ဘာပြုလို့ ငိုရတာလဲ မမရယ်၊ ခူးလ်ကမှ အရာအားလုံး ဆုံးရှုံးသွားရသူ မဟုတ်ဘူးလား။ ခူးလ်ကမှ မတိတ်စတမ်းငိုရမယ့် သူမဟုတ်ဘူးလား"

ထိုသို့ပြောခါမှ မမ၏ မျက်ရည်များသည် ပိုလို့ပင် စီးကျလာသည်။ အသံတိတ်ငိုကြွေးနေရာမှ ရှိုက်သံသဲ့သဲ့က ပါလာသည်။ ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းတွေမှာ ပျော်ရွှင်စရာ အတိတ်ကာလတွေ ရောင်ပြန်ဟပ်တော့ မမမျက်နှာကို အကြည့်လွှဲပစ်မိသည်။ ဆုပ်ကိုင်ထားသောလက်ကို လွှတ်ချပစ်သည်။
...

တက္ကသိုလ်ကျောင်းတက်ရက်များသည် ယခင်ကထက် ပိုပြီး ပျော်စရာကောင်းလာသည်။ ကျောင်းကို စွဲလမ်းလာသည်။ အတန်းတက်ရမည်ကို စွဲလမ်းလာသည်။ ထိုပါးလျလျဝါဂွမ်းစလေးကို မိမိနှုတ်ခမ်းနဲ့ ဖိကပ်နမ်းရှိုက်မိပြီးကတည်းက မိမိစိတ် အလုံးစုံသည် ဘာကိုမှ မမြင်နိုင်တော့ပေ။ ရှေ့ဆက်ရမည်ဆိုသော အတွေးတခုသာ အစဉ်စိုးမိုးနေ၏။

မိမိတို့ ကုမုဒြာကို ညနေခင်းတိုင်း ခေါင်းရွက်ဈေးသည်အဒေါ်ကြီး လာတတ်သည်။ ထိုအဒေါ်ကြီးဆီမှာ မိမိက နှင်းဆီပန်းဖြူဖြူလေးတွေ ကြိုပြီး မှာသည်။ မနက်ခင်းတိုင်းမှာ ဟေမာန်ဆိုသော အမျိုးသမီးကို နှင်းလိုဆွတ်ဆွတ်ဖြူသည့် နှင်းဆီတွေ ဆက်သနိုင်မည့်အရေးကို မိမိ နေ့စဉ်အားထုတ်နေမိပါသည်။

နှင်းဆီပန်းဖြူဖြူလေးတွေ သွားပြီး ပေးတိုင်း တီချယ်မျက်နှာက ရွှင်ပြပြနှင့် အမြဲရှိပြီး တခါတခါကျတော့လည်း ပါးပြင်က ပန်းရောင်သမ်းသွားတတ်၏။ လူတယောက်က ပန်းတွေ အမြဲပေးနေတယ်ဆိုတာ သဘောရိုးနဲ့ မဟုတ်ကြောင်း တီချယ်နားလည်လိမ့်မည်ဟု မိမိ ယုံကြည်ထားသည်။ တီချယ် မမြင် မြင်အောင်လည်း အခွင့်ရသလို ပြရသည်။ တီချယ့် မြင်မှ မြင်ပါ့မလားဟုလည်း ဆယ်ကျော်သက်လေး မိမိ စိုးရိမ်ပူပန်ရပြန်သည်။

ရှေ့လမကုန်ခင်တုန်းကပဲ တီချယ်နှင့် ဈေးသို့ အတူသွားခွင့်ရလိုက်သေးသည်။ တီချယ်ကပင် အဖော်လိုက်ပေးပါရန် ခေါ်ခြင်းဖြစ်သဖြင့် ကျော့ကျော့တို့နှင့် မြို့ထဲ ပတ်မည့်အရေးကို ဗိုက်အောင့်သည်ဟု အကြောင်းပြပြီး နေခဲ့လိုက်သည်။ ထိုနေ့က သိပ်စိတ်လှုပ်ရှားစရာ ကောင်းခဲ့၏။

၈၈ /၂၁Where stories live. Discover now