U~
" သားလေ ကိုကို့ကို တစ်ကယ်သဘောကျတာပါ
ဒါပေမယ့်...အင့်! "" ကိုယ်သိပြီ... ကိုယ်သိတာမလို့ မငိုနဲ့တော့နော် "
အချော့ခံရသည့်ကလေးက ပိုငိုသည်ဆိုသလိုပင် 'ရှိုင်း' က 'မြူငယ်' ၏မျက်နှာပေါ်မှ မျက်ရည်တို့အား သုတ်ပေးတော့မှ ပို၍ပင်အော်ငိုလာသည်။
" 'မြူငယ်'... "
အသံကြားလို့ နှစ်ယောက်လုံးမော့ကြည့်လိုက်တော့ အနားရောက်လာသည့် 'မင်းခ'... 'ရှိုင်း' ကဒူးထောက်နေရာမှ မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်တော့ 'မင်းခ' ကလည်း 'ရှိုင်း' ၏ပုခုံးကိုအသာပုတ်ကာ ပြန်နှုတ်ဆက်သည်။
" ဦး 'မြူငယ်' နဲ့စကားပြောချင်လို့ "
" ဟုတ်ကဲ့ ကျွန်တော်ပြန်လိုက်ပါဦးမယ်ဗျ.. ပေါက်စ ကိုယ်သွားပြီနော် မနက်ဖြန်မှပြန်လာခဲ့မယ် "
'မြူငယ်' ခေါင်းငြိမ့်ပြလိုက်တော့ 'ရှိုင်း' က 'မြူငယ်' ၏ဆံပင်တို့အား လက်ဖြင့်ထိုးဖွလိုက်သည်။ 'ရှိုင်း' သွားလိုက်တော့မှ 'မင်းခ' ကဘေးကခုံတန်းတွင်ဝင်ထိုင်ကာ....
" ကဲ ပြောပါဦး စိတ်အခြေအနေ ဘယ်လိုရှိလည်း "
'မင်းခ' ပြောလိုက်တော့ 'မြူငယ်' ကနှုတ်ခမ်းလေးထော်လာကာ တအိအိနှင့်ရှိုက်ငိုလာသည်။
'မင်းခ' ကဆရာဝန်တစ်ယောက်ဖြစ်သည့်အလျာက် စိတ်ကျန်းမာရေးကိုလည်း အထူးဂရုစိုက်သူဖြစ်သည်။ 'မြူငယ်' ပထမတစ်ခါပြန်ပေးဆွဲခံရတုန်းကလည်း စိတ်ကျန်းမာရေးဆရာဝန်နှင့် ပြသကာ စိတ်ဒဏ်ရာမဖြစ်စေရန် ကုသပေးသည်။ ယခုတစ်ခါတွင်လည်း 'မင်းခ' ကစိတ်ကျန်းမာရေးကို စိုးရိမ်နေသည့်ဟန်...ငယ်ငယ်တုန်းက အရမ်းထိတ်လန့်သွားသော်ငြား ယခုတစ်ခါတွင်တော့ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသား လူတစ်ယောက်ဖြစ်နေသည့်အပြင် အနားမှာ အရိပ်ရိပ်တကြည့်ကြည့်နှင့် ကာကွယ်ပေးကြမည့်သူများရှိနေသည်ကို သိရတော့ စိတ်သက်သာရာရသည်။" သား.. အင့်! သားအသည်းကွဲနေတယ် 'ဦးမင်း'
အီးဟီး..... "" ဟမ်! ရည်းစားထားဖို့တောင် အဖြစ်မရှိဘဲနဲ့
ဘယ်လိုဖြစ်ပြီး အသည်းကကွဲရတာတုန်း "
YOU ARE READING
You're My Beloved ( COMPLETE )
RomanceMyanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End Date: 30.1.2024 Photo Crd