U~
Warning ⚠️
Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်.....။
" မောင် ..ငါ.. "
'မြူ' ကပြောနေရင်းပင် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရေချိုးခန်းထဲ ထပြေးသွားသဖြင့် 'လွမ်း' ဆိုဖာတွင်ထိုင်ကာ အလုပ်လုပ်နေရာမှ အမြန်ထသွားမိသည်။
" 'မြူ' သက်သာလား "
" အီးဟီး... ဗိုက်တွေနာလာပြီ 'ဦးခြယ်' ကမလာသေးဘူးလား "
" လာနေပြီပြောတယ် ရေသောက်မလား "
" ဟင့်အင်း... ပြန်အန်မှာ "
'မြူ' မနက်မိုးလင်းကတည်းက ဘာစားစား
ပြန်အန်သလို ရေပင်ပြန်အန်သည်အထိ...
ခဏခဏအန်နေရသဖြင့် ဗိုက်သားတွေပင်
နာလာရသည်အထိ...'လွမ်း' ငိုနေသူအား ပွေ့ချီကာခေါ်လာ၍
မွေ့ယာပေါ်ချပေးလိုက်တော့ 'မြူ' ကဖက်ထားသည်အားမလွှတ်သဖြင့် 'လွမ်း' ကုတင်ခေါင်းရင်းကိုမှီထိုင်လိုက်သည်။ ထိုအခါ 'မြူ' က 'လွမ်း' ၏ရင်ဘတ်ပေါ် ခေါင်းလေးတင်ကာ ဖက်တွယ်လာသည်။'လွမ်း' 'မြူ' ၏ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်တော့ ခဏလေးအတွင်းပင် ငြိမ်ကျသွားကာ အိပ်ပျော်သွားသည်။ ထိုအချိန်တွင်
အခန်းထဲဝင်လာသည့် 'ရောင်ခြယ်' နှင့် 'ခမ်း'..'လွမ်း' 'မြူ' ၏ပုခုံးကိုခပ်ဖွဖွဆုပ်ကိုင်ကာ ဘေးသို့ချပေးတော့ 'ခမ်း' ကခေါင်းအုံးကို သေချာပြင်ပေးလာသည်။ ထို့နောက် 'လွမ်း' နှင့် 'ခမ်း' က
ဘေးတွင်ရပ်နေကာ 'ရောင်ခြယ်' ကကုတင်ပေါ်တင်ပလွဲထိုင်၍ 'မြူ' ကိုစစ်ဆေးပေးလာသည်။" 'မြူလေး' မှာ ကိုယ်ဝန်ရှိနေပြီ "
'ရောင်ခြယ်' ပြောလိုက်တော့ 'လွမ်း' ကအံ့ဩမှုနှင့် ပျော်ရွှင်မှုတို့ရောနှောကာ တောင့်တောင့်ကြီးရပ်နေသည်။ 'ခမ်း' ကတော့ပျော်ရွှင်စွာပင်
ဘေးမှာရပ်နေသည့် 'လွမ်း' ၏လက်မောင်းကို
ထုရိုက်ကာ.." ဟေ့ရောင်! ကလေးရှိနေပြီတဲ့ကွ! "
ထိုအခါမှ 'လွမ်း' ကလည်း 'ခမ်း' ကိုလှည့်ကြည့်လာကာ နှစ်ယောက်သားပွေ့ဖက်ကာ အော်ဟစ်၍ခုန်ပေါက်နေသည်မှာ တစ်ပက်ပင်လည်သည်အထိ.....
![](https://img.wattpad.com/cover/355851214-288-k7306.jpg)
YOU ARE READING
You're My Beloved ( COMPLETE )
RomantikMyanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End Date: 30.1.2024 Photo Crd