( 21 ) U / Z

24.9K 999 78
                                    

U~

'ရှိုင်း' အိပ်ယာနိုးလာတော့ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာကျင်ကိုက်ခဲနေကာ ဘေးကိုလှည့်ကြည့်မိတော့ မည်သူမျှမရှိ... ဖြည်းဖြည်းချင်းထကာ ကုတင်ပေါ်မှဆင်းတော့ ခြေ‌ထောက်
တို့က အားမရှိသဖြင့် ကြမ်းပြင်ပေါ်သို့ပုံခနဲပင်..

မနက်စာထွက်ဝယ်လာကာ ပြန်ရောက်လာသည့် 'ဦးရာဇဝင်' က 'ရှိုင်း' ၏ပုံစံကိုမြင်တော့ ခပ်ဟဟရယ်ကာ သွားထူပေးသည်။

" 'ဦးရာ' နော်... ရယ်မနေနဲ့ လုပ်တုန်းကတော့ ဇွတ်လုပ်ပြီးတော့ "

'ရှိုင်း' ကဆူပုတ်ပုတ်လေး ပြောလာတော့ 'ဦးရာဇဝင်' အသည်းယားကာ 'ရှိုင်း' ၏ပါးကိုတစ်ချက်ဖိကပ်နမ်းလိုက်သည်။

" ကလေးငယ်က ချစ်စရာကောင်းနေလို့ ရယ်မိတာပါကွာ.. "

'ဦးရာဇဝင်' က 'ရှိုင်း'၏ကိုယ်လေးကိုဖက်ကာ မျက်နှာကို တစ်ဖျက်ဖျက်ငုံ့နမ်းတော့ 'ရှိုင်း' ကရုန်းကာ...

" 'ဦးရာ'...ကျွန်တော် ဗိုက်ဆာနေပြီ "

ရုန်းမှလည်းရမည်ပင် နောက်ဆက်တွဲတွေပါလာရင် လမ်းပင်လျှောက်နိုင်မှာမဟုတ်တော့ပေ...

" ဟုတ်ပါပြီဗျာ.. လာ ကိုယ်ကလေးငယ်ကို
ကိုယ်လက်သန့်ပေးမယ် "

" ဟုတ် "

>>>>>>>>

" ဘဲပေါက်.. "

" ဟင်! "

" ထတော့.. "

" ဟင့်အင်း.. အေးတယ်လေ အိပ်ဦးမယ် "

" တိုဟူးနွေးသွားစားမယ်ဆို.. "

" ခဏမှသွားမယ် ခုကအေးတယ် "

'မြူငယ်' ကထိုသို့ဆိုကာ ရင်ခွင်ထဲပိုတိုးဝင်တော့ 'လွမ်း' ကပြုံးကာ 'မြူငယ်' ၏နားရွက် အနားကိုကပ်၍..

" ငါမင်းကို ချွေးထွက်လာအောင်လုပ်ပေး
ရမလား "

'လွမ်း' ကပြောပြီးသည်နှင့် 'မြူငယ်' ၏နားရွက်ကိုလျှာဖြင့်ယက်လိုက်တော့ 'မြူငယ်' ၏ကိုယ်လေးမှာတုန်တက်သွားကာ..

" 'လွမ်း' ..မင်းနော်..မနက်စောစောစီးစီးကို "

'မြူငယ်' ကပြောပြီးသည်နှင့် 'လွမ်း' ကိုကျောပေးကာ တစ်ဖက်သို့လှည့်အိပ်သွားသဖြင့် 'လွမ်း' 'မြူငယ်' ၏ခါးမှဆွဲကာဖက်လိုက်တော့ 'မြူငယ်' ၏တင်ပါးက 'လွမ်း' ၏ထောင်မတ်နေသည့်အရာနှင့်ကွက်တိပင်.... 'လွမ်း' က 'မြူငယ်' ၏ညဝတ်ဘောင်းဘီကို အောက်သို့ဆွဲချလိုက်ကာ..

You're My Beloved ( COMPLETE )Where stories live. Discover now