Extra ( 5 ) U / Z

22.8K 795 119
                                    

U~

'အလွမ်းနက္ခတ်' & 'သက်တံ့မြူငယ်'

" မစောလွန်းဘူးလား 'လွမ်း' "

" 'မြူ' အိမ်မှာတစ်ယောက်ထဲ ပျင်းနေမှာစိုး
လို့ပါ "

" 'မြူငယ်' ကိုအိမ်မှာပဲထားဖို့ မင်းတွေးနေ
တာလား ကုမ္မဏီမှာ ဝင်ကူခိုင်းလေ "

'ကမ္ဘာ' ၏စကားကြောင့် 'လွမ်း' က 'နယ်မြေ' ကိုလှည့်ကြည့်လာသည်။ 'နယ်မြေ' က 'ကမ္ဘာ' ၏ခါးကိုဖက်ထားကာ ပုခုံးပေါ်မှီထိုင်နေခြင်းဖြစ်ရာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် 'လွမ်း' က
စစ်ကူတောင်းလာသဖြင့် 'နယ်မြေ' ကိုယ်ကိုမတ်လိုက်ကာ...

" အချစ်ရယ် ကုမ္မဏီမှာ 'လွမ်း' တစ်ယောက်လုံးရှိနေတာပဲ ပြီးရင် သားကလည်းအဲ့ဒီအပိုင်းတွေ စိတ်မှမဝင်စားတာ သူကအချက်အပြုတ်လောက်ပဲ ဝါသနာပါတာအိမ်မှာပဲ နေပါစေ "

" မောင်.. သားကိုအရမ်းအလိုမလိုက်နဲ့ကွာ
ကြာရင်ပျက်စီးသွားလိမ့်မယ် "

" မပျက်စီးပါဘူးကွာ... 'လွမ်း' ပြောသလို
ကလေးယူလိုက်ရင် အိမ်မှာ သူ့ကလေးသူထိန်းရင်း မပျင်းရတော့ဘူးပေါ့ကွာ...ပြီးတော့ မောင်တို့လည်းမြေးချီရတာပေါ့ "

" သားကကော ဒီကိစ္စကို လက်ခံမှာမလို့လား "

" အဲ့ဒါ 'လွမ်း' တာဝန် သူပြောလိမ့်မယ် ဟုတ်တယ်မလား 'လွမ်း' "

" ဟုတ်တယ် ပါးငယ် 'မြူ' ကိုသားပြောလိုက်
ပါ့မယ် "

'လွမ်း' နှင့် 'နယ်မြေ' ၏စကားကြောင့် 'ကမ္ဘာ'
ခေါင်းငြိမ့်လက်ခံပေးလိုက်ရသည်။ လက်မခံလို့လည်းမရ 'လွမ်း' ကအလွန်ပင်စိတ်အားထက်သန်လွန်းနေသည် မဟုတ်လား...

ဘွဲ့ရပြီးချိန်၌ လက်ထပ်ပေးခဲ့ခြင်းဖြစ်ရာ လက်ထပ်ပြီးတာ တစ်ပတ်ခန့်ပင်ရှိသေးသည်ကို
ကလေးယူချင်နေသည့် 'လွမ်း' ပင်...

" 'မြူ'! "

" ဗျာ... "

'လွမ်း' အိပ်ခန်းထဲတွင် 'မြူ' ကိုမတွေ့သဖြင့်
အောက်ထပ်ဆင်းလာခြင်းဖြစ်ရာ အော်ခေါ်လိုက်တော့ မီးဖိုချောင်ဘက်ကနေ အပြေးထွက်လာသည့် 'မြူ'....

" ဘာလုပ်နေတာလည်း နောက်ကျနေပြီ
မအိပ်သေးဘူးလား "

" ဟင့်အင်း... ငါဗိုက်ဆာလို့ ခေါက်ဆွဲလာ
ပြုတ်တာ မောင်ကော စားဦးမလား "

You're My Beloved ( COMPLETE )Where stories live. Discover now