U~
" 'မြူငယ်' ဒါငါအခုလုပ်နေတဲ့ Project ရဲ့
ရှယ်ယာရှင်တွေထဲကတစ်ယောက် 'ဦးရာဇဝင်' "" ဟုတ်ကဲ့ 'သက်တံ့မြူငယ်' ပါ တွေ့ရတာဝမ်းသာပါတယ်ဗျ "
" ဦးလည်း ထပ်တူပါပဲ "
'မြူငယ်' 'ဦးရာဇဝင်' ဆိုသည့် လူအားငေးနေမိသည်။ အရပ်အမောင်းက ခြောက်ပေသုံးလောက်ဖြစ်မည်... ကျစ်လစ်သန်မာသည့် ခန္ဓာကိုယ်နှင့် ရင်အုပ်ကျယ်ကျယ်တို့အား ပိုင်ဆိုင်ထားသူဖြစ်သည်။ ရိတ်သင်ထားသော နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးတို့က စိမ်းဖန့်ဖန့်နဲ့ ကြည့်ကောင်းနေကာ နက်မှောင်နေသည့် ဆံပင်တို့အား ဘေးခွဲ၍ ဂျယ်ဖြင့်လှန်သိမ်းထားကာ အလွန်ပင်တည်ကြည်ခန့်ညားလွန်းသည်။ Daddy Type ကြီးကွ! မိုက်လိုက်တာ...
" အဟမ်း!! "
အငေးလွန်နေသည်မှာ 'လွမ်း' ချောင်းဟန့်လိုက်မှ အသိပြန်ဝင်လာရသည်အထိ..
" 'ဦးမင်းထည်ဝါ' တို့ကို သွားနှုတ်ဆက်နှင့် 'မြူ'
ငါပြီးမှလိုက်လာခဲ့မယ် "" ဟမ်! အင်း..အင်း ..."
'မြူငယ်' ထွက်သွားတော့မှ 'လွမ်း' 'ဦးရာဇဝင်' ဘက်ကိုလှည့်ကြည့်ကာ စကားဆက်လိုက်သည်။
" Congratulation ပေါက်စ "
'ရှိုင်း' ၏ပြောစကားကြောင့် 'မြူငယ်' ဘာပြန်ပြောရမည် မသိဖြစ်သွားရသည်။
" ကိုကို သားလေ.. သားတောင်းပန်ပါတယ် "
" ကိုယ့်ကိုတွေ့တိုင်း တောင်းပန်စကားပဲ
ပြောနေတော့မှာလား "'ရှိူင်း' ပြောလိုက်တော့ 'မြူငယ်' ကခေါင်းငုံ့သွားသဖြင့် 'ရှိုင်း' အရှေ့တွင်ကျနေသည့် 'မြူငယ်' ၏ဆံပင်လေးကို လက်ဖြင့် ဖယ်ပေးလိုက်ကာ...
" ကိုယ်နဲ့တွေ့ရင် ပေါ့ပေါ့းပါးပါးပဲနေပါ...ကိုယ်တို့က ငယ်ငယ်လေးကတည်းက ရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေမဟုတ်လား..အရင်းနှီးဆုံး မိတ်ဆွေတွေလေ "
" ဟုတ် "
'ရှိုင်း' ခေါင်းငုံ့နေသူ၏ ပုခုံးအား နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်တော့ 'မြူငယ်' ကမော့ကြည့်လာသည်။
" ကိုယ့်ကိုပြုံးပြပါဦးကွာ.... "
'ရှိုင်း' ပြောလိုက်တော့မှ 'မြူငယ်' က ပြုံးပြလာသည်။
![](https://img.wattpad.com/cover/355851214-288-k7306.jpg)
YOU ARE READING
You're My Beloved ( COMPLETE )
RomanceMyanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End Date: 30.1.2024 Photo Crd