( 28 ) Final U / Z

31.2K 986 111
                                    

U~

" Morning.. "

'ခမ်း' ထမင်းစားခန်းထဲသို့ ဝင်လာတော့ 'လွမ်း' က စားပွဲဘေးတွင် မတ်တပ်ရပ်ကာ ရေသောက်နေသဖြင့် နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။

" အင်း.. "

'ခမ်း' ရေခဲသေတ္တာ တံခါးကို ဆွဲဖွင့်ကာ လက်တစ်ဖက်က တံခါးကိုကိုင်၍ နောက်တစ်ဖက်က ခါးတွင်ထောက်လျက်..

" မင်းမနက်စာ ဘာစားမလည်း ငါရှမ်းခေါက်ဆွဲလုပ်စားမလို့ မင်းရောစားမလား ငါကိုယ်တိုင်လုပ်မှာနော် ငါ..... "

'ခမ်း' ပြောရင်းဖြင့် နောက်လှည့်ကြည့်လိုက်တော့ 'လွမ်း' ကမရှိတော့ပေ...ဘယ်ချိန်ကထွက်သွားသည်မသိ...

" အာ့! နာလိုက်တာ ကျိုးပြီထင်တယ် "

'မြူငယ်' အိပ်ယာမှထထိုင်လိုက်သည်နှင့် ခါးကဆစ်ခနဲဖြစ်သွားသဖြင့် ခါးကိုဖိကိုင်ကာ
ရေရွတ်လိုက်မိသည်။ 'လွမ်း' ကရေချိုးခန်းထဲမှ ထွက်လာကာ အနားကိုရောက်လာပြီးနောက်
'မြူငယ်' ၏နဖူးကို ဖျက်ခနဲငုံ့နမ်းကာ ပွေ့ချီလိုက်သည်။

" နာနေသေးလား "

" ဟိုနေရာက သိပ်မနာဘူး ခါးကနာတယ် "

'မြူငယ်' ကနှုတ်ခမ်းလေးထော်ကာ ခပ်ချွဲချွဲပြောတော့ 'လွမ်း' ကပြုံးကာ နှုတ်ခမ်းကိုဖျက်ခနဲငုံ့နမ်းလာပြန်သည်။ ရေချိုးခန်းထဲတွင် ရေချိုးပေးနေရင်းဖြင့်လည်း မျက်နှာအနှံ့ကို တဖျက်ဖျက်နှင့် အနမ်းတွေပေးသဖြင့် 'မြူငယ်' တစ်ယောက်
မျောက်အုန်းသီးရသလိုပင် ပြုံးဖြီးနေသည်။

'ခမ်း' ကြက်စွပ်ပြုတ်တစ်ပွဲနှင့် ရှမ်းခေါက်ဆွဲနှစ်ပွဲပြင်ပြီးနောက်တွင်တော့ 'လွမ်း' က 'မြူငယ်' ကိုပွေ့ချီကာ ထမင်းစားခန်းထဲဝင်လာသည်။

" ဟာ... 'ခမ်း' မင်းအကျင့်မကောင်းတာဘဲငါလည်း မင်းလုပ်တဲ့ရှမ်းခေါက်ဆွဲစားချင်တယ်လေ "

" ကိုယ့်အခြေအနေ ကိုယ်သိလေ "

" မင်းကကွာ... ဒီနေ့မှ ဘာလို့လုပ်ရတာလည်း
မတရားဘူး ငါလည်းစားချင်တယ်လေ "

" အေးပါကွာ... မနက်ဖြန်ကျရင် လုပ်ကျွေးမယ်
ဟုတ်ပြီလား "

" ကတိနော် "

You're My Beloved ( COMPLETE )Where stories live. Discover now