U~
'ဦးရာဇဝင်' & 'ရှိုင်းစက်ထည်ဝါ'
Warning ⚠️
Warning ပိုင်းတွေကို Ss ရိုက်ပြီးလိုင်းပေါ်မတင်ကြပါနဲ့နော်........။
ဒေါက်! ဒေါက်!
" 'ဦးရာ'... ရေအကြာကြီးမချိုးနဲ့လေဗျာ "
" ကိုယ်ပြီးပြီ ကလေးငယ် "
'ဦးရာ' ရေချိုးခန်းကထွက်လာတော့ ရှေ့တွင် တဘက်လေးကိုင်ကာ ဆူပုတ်ပုတ်နှင့် ရပ်နေသည့် 'ရှိုင်း' ကြောင့် 'ဦးရာ' ပြုံးမိသွားသည်။
'ဦးရာ' ကခါးတွင်တဘက်တထည်ထဲသာ
ဝတ်ဆင်ထားရာ 'ရှိုင်း' ကအနားကိုတိုးလာ၍
လက်ထဲက တဘက်ဖြင့် 'ဦးရာ' ၏ဆံပင်တို့အား သုတ်ပေးလာသဖြင့် 'ဦးရာ' 'ရှိုင်း' ၏ခါးလေးကို ဆွဲပွေ့ထားလိုက်သည်။" ဆောင်းရာသီကဝင်နေပြီဗျ ရာသီအကူးအပြောင်းက ဂရုစိုက်မှရတယ် "
" ကိုယ်သိပါတယ် ကလေးငယ်ရယ် "
" သိရင်ဆင်ခြင်လေဗျာ နောက်ကနေအကုန်လိုက်ပြောနေရတယ် "
" ကလေးငယ်က စိတ်ပူလွန်နေတာပါကွာ.. "
" 'ဦးရာ' ကအသက်ကြီးပြီလေဗျာ... "
ပြွက်!
" ကိုယ်ဘယ်လောက်ကျန်းမာသန်စွမ်းပြီး
အမောခံနိုင်လည်းဆိုတာ ကလေးငယ်အသိဆုံး "" ဘာဖြစ်ဖြစ်လေဗျာ ဂရုစိုက်မှရတယ် အသက်ကတစ်ရက်ထက်တစ်ရက်ကြီးလာမှာ "
ပြွက်!
" ကလေးငယ်ကကွာ.. ဒီအသက်ပဲလာထိခိုက်တယ် ကိုယ်အခုမှ အသက်လေးဆယ့်ခုနှစ်ပဲ ရှိသေးတာပါကွာ "
" အဲ့ဒါကြောင့်ပြောတာပေါ့ နောက်သုံးလေးနှစ်ဆို လူအိုရုံပို့လို့ရတဲ့ အရွယ်ရောက်နေပြီ "
ပြွက်!
" ကိုယ့်ယောက်ျားကိုယ် အဲ့သလိုပဲပြောရသလား "
" မှန်တာပြောတဲ့ဟာကို "
'ရှိုင်း' ကပြုံးတုံ့တုံ့မျက်နှာလေးနှင့် ပြောလာတော့ 'ဦးရာ' 'ရှိုင်း' ကိုပွေ့ချီလိုက်ကာ မွေ့ယာဘက်လျှောက်သွားလိုက်သည်။
" 'ဦးရာ' ဘာလုပ်မလို့လည်း "
" လုပ်နိုင်ကိုင်နိုင်တုန်းလေး စားစရာရှိတာ စားရမယ်လေ နောက်သုံးလေးနှစ်နေရင် လူအိုကြီးဖြစ်ပြီး မစားနိုင်တော့မှာစိုးလို့ "
YOU ARE READING
You're My Beloved ( COMPLETE )
RomansaMyanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End Date: 30.1.2024 Photo Crd