U~
'ဆိုင်းခမ်းလျှံ' & 'ဇမ်းသုတ'
Warning ⚠️
Warning ပိုင်းတွေကို Ss ရိုက်ပြီးလိုင်းပေါ်မတင်ကြပါနဲ့နော်........။
" 'ဇမ်းသုတ'!! "
" ငါတကယ်ဆုံးဖြတ်ပြီးပြီ "
" မင်းကွာ... "
'ရှိုင်း' အားမလိုအားမရဖြစ်ကာ ရေရွတ်လိုက်မိသည်။ 'သုတ' ကသစ်ပင်အောက်ရှိ ခုံတန်းလျားတွင် ထိုင်နေခြင်းဖြစ်ရာ 'ရှိုင်း' ကရှေ့တွင် ခါးထောက်လျက်မတ်တပ်ရပ်နေခြင်းဖြစ်သည်။
" အဲ့လောက်ထိ လိုလို့လား... "
" မင်းတောင်လုပ်ခဲ့သေးတာပဲ "
" မတူဘူးလေကွာ... ငါကမင်းလိုမှမဟုတ်တာ "
" ငါဆုံးဖြတ်ပြီးပြီ 'ရှိုင်း' "
'သုတ' ၏စကားကြောင့် 'ရှိုင်း' သက်ပြင်းသာချလိုက်မိသည်။
" 'ခမ်း' ကိုပြောပြီးပြီလား "
" ဟင့်အင်း... "
" မင်းပျော်မှာ သေချာရဲ့လား "
" အင်း... မောင့်အတွက်ဆိုရင်အရာအားလုံးကို
စွန့်လွှတ်ရဲတယ် 'ရှိုင်း' ငါအမှားတွေလုပ်ခဲ့ပြီးပြီ မောင်လည်းအများကြီးခံစားခဲ့ရပြီးပြီ
ငါထပ်ပြီး မရူးမိုက်ချင်တော့ဘူး 'ရှိုင်း' "" မင်းအခုလုပ်နေတာကမှ ရူးမိုက်တာ မဟုတ်ဘူးလား... ဟမ်! ငါကမင်းနဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ကောင်ပါကွ! မင်းရဲ့ဝါသနာအပေါ်မှာ ရူးသွပ်မှုတွေ ဒီလမ်းကိုရွေးချယ်နိုင်ဖို့ မင်းစွန့်လွှတ်ခဲ့တာတွေ မင်းငိုကြွေးခဲ့ရတဲ့ နေ့ရက်တွေ မင်းဘယ်လောက်ထိ ပေးဆပ်ခဲ့ရလည်း..."
" မင်းပြောသလိုပဲ ငါ့အတွက် ငါ့ရဲ့ဝါသနာက ပထမဦးစားပေးဖြစ်ခဲ့တယ် 'ရှိုင်း'....
ဒါပေမယ့် မောင်နဲ့ယှဉ်လာရင်တော့ မောင်ကငါ့အတွက်အရာရာပဲ... မောင်သာငါ့အနားမှာမရှိတော့ရင် ငါရှင်သန်နိုင်မှာမဟုတ်ဘူး... "" မင်းဆုံးဖြတ်ပြီးပြီဆိုတော့လည်း ဘယ်တက်နိုင်မလည်း... "
" အသက်... "
'ရှိုင်း' နှင့် 'သုတ' ရှိရာသို့ ရောက်လာကာ 'သုတ' ဘေးတွင်ဝင်ထိုင်လာသည့် 'ခမ်း'....
![](https://img.wattpad.com/cover/355851214-288-k7306.jpg)
YOU ARE READING
You're My Beloved ( COMPLETE )
RomantizmMyanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End Date: 30.1.2024 Photo Crd