U~
'ခမ်း' မွေ့ယာပေါ် ပက်လက်လှန်လှဲချလိုက်တော့ 'သုတ' က 'ခမ်း' ၏ရင်ဘတ်ပေါ်ခေါင်းလေးတင်ကာ လှဲချလာသည်။ နှစ်ယောက်လုံးက အပေါ်ပိုင်းဗလာနှင့် ဖြစ်ကာ အောက်ပိုင်းကိုတော့
စောင်ခြုံထားခြင်းဖြစ်သည်။'သုတ' က 'ခမ်း' ၏ရင်ဘတ်ပေါ်တွင်နေရာယူထားသော သူ့နာမည်တက်တူးလေးကို ခပ်ဖွဖွထိကိုင်ရင်း..
" 'ခမ်း' "
" ဗျာ.. "
" ကိုယ်ကြားဖူးတာ တစ်ခုရှိတယ် "
" အင်း "
" နာမည်ကို တက်တူးထိုးရင် ပျက်တက်တယ်တဲ့ "
" ဘယ်သူပြောလည်း "
" ဒီတိုင်းပြောကြတာ ဒါပေမယ့်တကယ်လက်တွေ့နော်...ကိုယ့်အသိတွေထဲမှာတောင်
သုံးလေးယောက်လောက်မြင်ဖူးတယ်
တွဲနေရင် အကောင်း တက်တူးထိုးရင် ပျက်ပြီ "" မဆိုင်ပါဘူး အစ်ကိုရာ သူတို့ရဲ့အချစ်တွေက မစစ်မှန်ကြလို့ ပျက်တာ တိုက်ဆိုင်သွားတာနေမှာပေါ့ "
" အင်း.. အဲ့လိုပဲဖြစ်မှာပါ ဒါနဲ့ 'ခမ်း' "
" ဗျာ.. "
" တကယ်လို့ မင်းနဲ့ကိုယ်နဲ့သာ ပျက်သွားရင် အသစ်ထပ်ရှာမှာလား "
'သုတ' ၏စကားဆုံးသည်နှင့် 'ခမ်း' ကချက်ချင်းပင် လှဲနေရာက ထကာ 'သုတ' ၏အပေါ်မှ အုပ်မိုးလိုက်သည်။ မျက်နှာက အတော်လေးကို
တည်နေကာ မျက်ခုံးတို့အား တွန့်ချိုးထားရင်း." ဘာလည်း.. အစ်ကိုက ကျွန်တော်နဲ့ပျက်ချင်
နေတာလား "" မဟုတ်ပါဘူး "
" အစ်ကို အဲ့လိုမေးတယ်ဆိုကတည်းက ပျက်ဖို့အကြောင်းတွေ အစ်ကို့ခေါင်းထဲရှိနေလို့ပေါ့ "
" မရှိပါဘူး ဒီတိုင်းမေးလိုက်တာ "
" မမေးနဲ့... နောက်တစ်ခါ အစ်ကို့ပါးစပ်က
ထွက်မလာစေနဲ့ "မြင်နေကြပုံစံမဟုတ်ဘဲ ရုတ်ချည်းပြောင်းလဲသွားသူကြောင့် 'သုတ' အနည်းငယ်လန့်နေမိသည်။
" မောင်... စိတ်လျော့ပါကွာ.. ကိုယ်ကဒီတိုင်းပြောလိုက်တာ နောက်တစ်ခါလုံးဝမပြောမိစေရဘူးနော် "
YOU ARE READING
You're My Beloved ( COMPLETE )
عاطفيةMyanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End Date: 30.1.2024 Photo Crd