U~
My Best Friend Becomes My Husband Fic ရဲ့ Season 2 ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒါလေးကိုအရင်ဖတ်စေချင်ပါတယ်..ဒါဆိုရင်ပိုနားလည်လွယ်ပါတယ်.. မဖတ်လည်းရပါတယ်ရှင့်.....
>>>>>>>>>
'ကမ္ဘာ' ဧည့်ခန်းထဲတွင် ဟိုဘက်ဒီဘက်လျှောက်ရင်း အိမ်အဝင်ဝကို လှမ်းလှမ်းကြည့်နေမိသည်။ 'ကမ္ဘာ' ကြည့်နေတုန်းမှာပင် အိမ်ထဲကိုဝင်လာကြသည့် သားအဖနှစ်ယောက်....'မြူငယ်' ကအသက်ဆယ့်ရှစ်နှစ်ဆိုသည့် အရွယ်ရောက်လာတော့ အရပ်အမောင်းကပင် 5ပေ 10 ရှိနေပြီဖြစ်ကာ 'နယ်မြေ' က 'မြူငယ်' ၏ပုခုံးကိုဖက်ထား၍ နှစ်ယောက်သားစကားတွေပြောရင်း ဝင်လာကြခြင်းဖြစ်သည်။ ဧည့်ခန်းထဲရပ်နေသည့် 'ကမ္ဘာ' ကိုပင် မမြင်... 'ကမ္ဘာ' လည်းလက်ပိုက်ကာ ထိုနှစ်ယောက်ရှေ့တွင်သွားပိတ်ရပ်လိုက်တော့မှ မော့ကြည့်လာကာ 'ကမ္ဘာ' ကိုမြင်သည်နှင့်
သရဲမြင်လိုက်သည့်အတိုင်းပင် လန့်သွားကြပုံများက....." ပြောပါဦး...မင်းတို့သားအဖနှစ်ယောက် အခုဘယ်မှာဘာလုပ်ပြီး ပြန်လာကြလည်းဆိုတာ "
'ကမ္ဘာ' မေးလိုက်တော့ 'နယ်မြေ' နှင့် 'မြူငယ်' က
တစ်ယောက်နှင့်တစ်ယောက်အကြည့်ချင်းဆုံကာ
'Daddy ပြော' 'သား ပြော' နှင့် အကြည့်ဖြင့်စကားပြောနေကြသည်။" အား...အချစ် "
" အား...နာတယ် ပါပါး "
'ကမ္ဘာ' စိတ်မရှည်စွာပင် အကြည့်နှင့်စကားပြောနေကြသည့် သားအဖနှစ်ယောက်၏နားရွက်တို့အား ဆွဲလိမ်ပစ်လိုက်သည်။ ထိုအခါ 'နယ်မြေ' နှင့် 'မြူငယ်' ၏ခန္ဓာကိုယ်မှာ 'ကမ္ဘာ' ဘက်သို့ ယိမ်းထိုးလာကြသည်။
" မင်းတို့နှစ်ကောင် ဘာလုပ်လာကြလည်း ငါမသိဘူးများ ထင်နေလား ဟမ်!! "
" အား... ပါပါး သားမှားပါတယ်..လွှတ်ပါတော့ "
" မောင်လည်း မှားပါတယ် အချစ်ရယ် တော်တော်နာနေပြီ လွှတ်ပါတော့ "
'ကမ္ဘာ' လွှတ်ပေးလိုက်သည်နှင့် 'နယ်မြေ' နှင့် 'မြူငယ်' မှာ ပူထူသွားသည့် နားရွက်တို့အားဖိပွတ်နေကြသည်။
ငယ်ငယ်တုန်းက ပါပါးက Daddy ကိုနားရွက်ကို ဆွဲလိမ်သည့်အခါတိုင်း 'Daddy နားရွက်ကြီးနီနေပြီအရမ်းနာလားဟင်! ' လို့မေးတိုင်း 'နာတာပေါ့ကွ! မင်း ကြီးလာမှသိလိမ့်မယ် ' ဆိုသည့်စကားက အချဉ်မဟုတ်... ပါပါးလက်သံပြောင်ချက်က လက်လန်တယ် အီစိမ့်နေတာပဲ...
YOU ARE READING
You're My Beloved ( COMPLETE )
RomansaMyanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End Date: 30.1.2024 Photo Crd