Episode _ 1

566 36 3
                                    

သောကြာ​နေ့၏ည​နေခင်းသည်ကား စည်ကားလျက်ရှိသည် ။ ​​လိ​မ္မော်​ရင့်ရောင်​ကောင်းကင်ပြင်​အောက် လူးလား​ခေါက်ပြန်​နေသည့်ယာဥ်များနှင့်အတူ လူသားတို့သည်လည်း ​ခြေချင်းလိမ်မတတ် ဖြတ်သန်းသွားလာလျက်ရှိ​နေကြ၏ ။ လမ်း​ဘေး၌ဖွင့်လှစ်ထားသည့်ဆိုင်ငယ်​လေးများမှာ လမ်းတစ်​လျောက်အတန်းလိုက်စီတန်းလျက်ရှိ​နေကာ လူရှင်းသည့်ဆိုင်ဟု၍ တစ်ဆိုင်တစ်​လေ​တောင်မှ ရှိမ​နေပါ​ချေ ။ တစ်ခု​သောဆိုင်ငယ်​လေးထဲ၌ မင်ယွန်းဂီမှာ စိတ်ဆင်းရဲမှုများစွာဖြင့် ထိုင်​နေရ​ပေသည် ။ ​ဆိုင်အတွင်းရှိလူအများ၏ ဆူညံအုံကြွ​နေမှုမှာ မိန်းက​လေးတစ်ဦး၏ အသံပြဲကြီးဖြင့် ​အော်ဟစ်ငို​ကြွေးလာသံ​ကြောင့် ရုတ်ချည်းပင် တိတ်ဆိတ်သွားခဲ့​တော့သည် ။ လူထု၏စူးစမ်းသည့်အကြည့်များမှာ သူတို့ဝိုင်းရှိရာသို့ ဆိုက်​ရောက်လာ​သော် မင်ယွန်းဂီမှာ မျက်နှာကို လက်တစ်ဖက်ဖြင့်ကွယ်လိုက်ရင်း ကျန်လက်တစ်ဖက်ဖြင့် ​ရှေ့မှလူအား အငိုတိတ်သွား​စေရန် လက်ပုတ်​ပေးကာနှစ်သိမ့်​ပေးလိုက်သည် ။

ကင်မာရီမှာ အသံပြဲကြီးဖြင့် မျက်စိမှိတ်လျက်အော်ငို​နေပါ​သော်ငြား တိတ်ဆိတ်သွားသည့်ရပ်ဝန်းအ​ခြေအ​နေ​အောက် သူမသည်လည်း ရှက်ရွံစွာ တိုး​လျော့သွားခဲ့ပြီး သူငယ်ချင်းမှ လက်အားပုတ်၍ နှစ်သိမ့်လာ​သောအခါ ဆက်မငို​တော့ရန် ဆုံးဖြတ်လိုက်ရ​တော့သည် ။

" ဟင့်~ဟင့် "

မင်ယွန်းဂီက တအီအီငို​နေဆဲဖြစ်သည့်ကင်မာရီ​ထံ တစ်ရှူး​ကမ်း​ပေးလိုက်ပြီး တစ်ရှူးဘူးကိုပါ သူမ​​ဘေးသို့ တိုး​ပေးလိုက်သည် ။ သူမက တစ်ရှူးအား ဆတ်ခနဲလှမ်းယူလာပြီး​သော် နှာရည်​တွေအား အားပါးတရညှစ်ချလာသည် ။ ပြီး​နောက် အသင့်ချ​ပေးထားသည့်အမှိုက်ပုံးထဲ ပစ်ထည့်လာ၏ ။ ​ထို့နောက်မှ ​​နောက်တစ်ရွက်ထပ်ယူလာကာ မျက်ရည်စတို့အား သုတ်သင်လာသည် ။

သူ့အ​နေဖြင့် ဤဖြစ်အင်ကိုကြည့်ပြီး မည်သည့်ကိစ္စဖြစ်​နေသနည်းဟု ​စကားအပိုလုပ်၍ ​မေးရန်မလိုပါ​ချေ ။ ​သေချာ​ပေါက် ကင်မာရီတစ်​ယောက် သူမချစ်သူနှင့် ရန်ဖြစ်လာခြင်းမျိုးသာ ဖြစ်သည် ။ ယခုနှစ်​တွေအ​တောအတွင်း သူမတို့အတွဲရန်ဖြစ်လာခဲ့သည်မှာ လက်ချိုး​ရေလို့ပင် မနိုင်​တော့ပါ​ချေ ။ သူခင်မျာ အ​ခေါက်တိုင်းနီးပါး သနားကရုဏာသက်စွာသူမအားနှစ်သိမ့်​ပေးခဲ့သည်မှာလည်း ယ​နေ့ ဤဆိုင်ထဲ၌ ထိုင်​နေသည့်အထိပင် ဖြစ်သည် ။

BLUEWhere stories live. Discover now