နှစ်တစ်နှစ်ကုန်ဆုံးပြီးနောက် နှစ်သစ်သို့ကူးပြောင်းရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ဆောင်းဥတု၏ အေးမြမှုတွေကြား နွေဦးပြယုဂ်လေးသည် ချည်းနှီးဝင်ရောက်စပြုလာပြီ ဖြစ်ပါ၏ ။ မျှော်လင့်စောင့်စားခဲ့ရသည့်လက်ထပ်ပွဲလေးသည်လည်း တဖြေးဖြေးဖြင့် နီးကပ်လာပြီဖြစ်ရာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပင် ။ မကြာခင်မှာပင် တစ်လောကလုံးအား မောင်သည်သူ့အပိုင် ဖြစ်ကြောင်း ကြေညာနိုင်တော့မည်ဖြစ်ပြီး သက်ဆုံးတိုင်ယှဥ်တွဲနေထိုင်ကြရမည်ဖြစ်လေရာ အနည်းနဲ့အများ စိတ်လှုပ်ရှားနေမိပါ၏ ။ မင်္ဂလာဆောင်ဖိတ်စာအား မိသားစုအသိုင်းအဝိုင်းနှင့်ရင်းနှီးသူများကိုသာ ဖိတ်ကြားထားပါ၏။ သို့ဆိုရာ မောင့်သူငယ်ချင်းဖြစ်ခဲ့သည့်ဆောဂျယ်နှင့်ယူမြောင်ဟီးတို့ကိုလည်း ဖိတ်ထားခဲ့ပါသေးသည် ။
သူသည် မောင်နှင့်အတူတူ တိုင်တိုင်ပင်ပင်ပင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး မောင်သည် အစကတော့ သဘောမတူပါချေ ။
" မောင်...ဆောဂျယ်နဲ့ ယူမြောင်ဟီးတို့ကိုပါ ဖိတ်ရအောင်နော် "
ဖိတ်ကြားမည့်လူစာရင်းရေးရင်း သူ သတိတရ မေးကြည့်လိုက်သည် ။
မောင်သည် ချက်ချင်းပင် မျက်နှာပျက်သွားသည် ။
" ကိုကိုကတော့လေ တအားတွေ သဘောကောင်းတာပဲ ။ "
" အဲ့လိုတော့လည်း မဟုတ်ပါဘူး ။ ဘယ်လိုဖြစ်ဖြစ် သူတို့က မောင့်သူငယ်ချင်းတွေ မဟုတ်လား "
မောင်က လက်မခံသလို ခွန်းတုန့်ပြန်လာသည် ။
" မောင့်မှာ သူငယ်ချင်းတွေအများကြီး ရှိပါတယ် "
" ဒါပေမယ့် သူတို့က ငယ်သူငယ်ချင်းတွေလေ "
မောင်တစ်ယောက် စိတ်မရှည်တော့ပေ ။
" ကိုကို...သူတို့ ဘာတွေလုပ်ခဲ့လဲ ကိုကို အသိပဲ ။ မောင် ခွင့်လွတ်ပေးနိုင်မယ် မထင်ဘူး ။ "
သူသည် မောင့်လက်ဖဝါးလေးအား ဆုပ်ကိုင်လိုက်သည် ။
" ကိုယ် မင်းအနားမှာ ရှိနေတယ် မဟုတ်လား ။ မောင်ပဲ ပြောခဲ့တယ်လေ ။ ဘယ်လိုအခြေအနေဖြစ်ဖြစ် ကိုယ်တို့ မဝေးကြဘူးဆို ။ "
YOU ARE READING
BLUE
Fanfictionမောင်အတွက်သာဆို သူ ဗီလိန်ဖြစ်ရလည်း အဖြစ်ခံနိုင်သည် ။ တစ်လောကလုံးက အမုန်းတွေကိုလည်း သူခံနိုင်ပါသည် ။ မောင်ကိုတော့ ဘယ်နည်းနဲ့မဆို ပိုင်ဆိုင်နိုင်ရမည် ။ ဒါဟာ သူ့အတွက် အချစ်ဆိုတာပင် ။