ဧည့်ခန်းထဲရှိ ဆိုဖာထက်၌ မင်ယွန်းဂီမှာ ဒူးလေးထောင်ကာ ဆိုဖာလက်တန်းထက်လက်ထောက်လျက် ခေါင်းလေးမှီကာဖြင့် သက်တောင့်သက်သာနိုင်စွာ ထိုင်နေလျက် ရုပ်ရှင်ကြည့်နေခဲ့ပြီး ဘေးနားရှိ ဂျွန်ဂျောင်းဂုကမူ သူ့အား အာလူးကြော်လေးများ တစ်ခုပြီး တစ်ခု ကျွေးနေလေသည် ။ ခွံကျွေးနေသည့်အာလူးကြော်အား တမြုံမြုံဝါးနေရင်းပင် သူသည် တစ်စုံတစ်ရာကို သတိရသွားလေပြီး ခန္ဓာကိုယ်ကိုဆန့်တန်းလိုက်ကာ တစ်ဖက်လူဖက်သို့ အားတက်သရော လှည့်ကြည့်လိုက်သည် ။
" အခုမှ သတိရတယ် ။ "
" အင်း ပြော "
မောင်က သူ့ပါးစပ်ထဲ အာလူးကြော်တစ်ခု ထည့်ပေးလာသည် ။ သူသည် ဝါးနေရင်းပင် ဆိုလိုက်သည် ။
" ပိတ်ရက်ကျ ရုပ်ရှင်သွားကြည့်ကြရအောင် ။ မောင်နဲ့အပြင်မထွက်ရတာ ကြာပြီမဟုတ်လား "
" ဘာရုပ်ရှင်သွားကြည့်ချင်လို့လဲ "
" အခု တအား လူပြောများနေတဲ့ သရဲကားလေ ။ အရမ်းကြောက်ဖို့ကောင်းတယ်ပြောတယ် "
မောင်က အပြုံးခပ်စစဖြင့် သူ့အား တုံပြန်လာသည် ။
" ကိုကိုက သရဲကား မကြည့်ရဲဘူး မဟုတ်လား "
သူ မျက်စောင်းလေးထိုးလိုက်ရင်း အာလူးကြော်တစ်ခုကို နှိုက်စားလိုက်သည် ။
" မောင်ရှိတာပဲကို မကြောက်ပါဘူး "
ထိုအပြောလေးကို အသည်းယားသွားသည့်မောင်က သူ့ပါးပြင်လေးအား တစ်ချက်မျှ နမ်းရှုပ်လာသည် ။ ထို့နောက် ဆံနွယ်ပျော့လေးများအား ဆော့ကစားရင်း ဆိုလာသည် ။
" ပိတ်ရက်ကျ မောင် ချိန်းထားတာရှိတယ်ရယ် "
မင်ယွန်းဂီထံမှ ညည်းထွားသံလေး ထွက်လာပေသည် ။
" ထပ်ပြီးတော့လား ။ ဟိုတစ်ခါတုန်းကလည်း နေ့လယ်စာအတူမစားလိုက်ရဘူးလေ ။ အခုလည်း ချိန်းထားတာ ရှိပြန်ပြီလား "
သူ့အား ချောမော့သည်နှယ် မောင်က ဆံနွယ်လေးများအား နမ်းရှုပ်လာသည် ။
YOU ARE READING
BLUE
Fanfictionမောင်အတွက်သာဆို သူ ဗီလိန်ဖြစ်ရလည်း အဖြစ်ခံနိုင်သည် ။ တစ်လောကလုံးက အမုန်းတွေကိုလည်း သူခံနိုင်ပါသည် ။ မောင်ကိုတော့ ဘယ်နည်းနဲ့မဆို ပိုင်ဆိုင်နိုင်ရမည် ။ ဒါဟာ သူ့အတွက် အချစ်ဆိုတာပင် ။