Cafe ဆိုင်၏ တနင်္ဂနွေနေ့ မြင်ကွင်းသည် အတော်လေး လူစည်နေပါ၏ ။ မင်ယွန်းဂီသည် မှာယူထားသည့်အမေရိကာနိုအား တစ်စက်ကလေးတောင်မှ မသောက်ရသေးပါချေ ။ စိတ်လှုပ်ရှားသည့်အခါ သို့မဟုတ် စိတ်ရှုပ်ထွေးနေသည့်အခါမျိုး၌ သူသည် မည်သည့်ကိုမှ စားမဝင်ပါချေ ။ ထို့ကြောင့်ပင် အနည်းငယ် ခြောက်ကပ်နေသည့်လည်ချောင်းအား တွံထွေးအတင်းမြိုချပြီးသာ ရှင်းလင်းဖြစ်နေပါ၏ ။
သူနှင့်ချိန်းထားသူသည် တခြားသူမဟုတ် ။ ယူမြောင်ဟီးသာ ဖြစ်သည် ။ သူမသည် မနေ့ည၌ ရုတ်တရက်ဆန်စွာ သူ့ထံသို့ ဖုန်းဆက်လာကာ နှစ်ဦးတည်း သီးသန့်တွေ့ချင်သည်ဟု ဆိုလာပါ၏ ။ အကြောင်းအရင်းအား မေးသော်လည်း သူမက အရေးတကြီးပြောစရာဟုသာ ဆိုကာ သူ့အား အတင်းခေါ်နေပေ၏ ။ ထို့အပြင်ကိုမှ ဂျွန်ဂျောင်းဂုအား ခေါ်လာရန်မလိုကြောင်း ပြောသောအခါ၌ သူ ရင်ထိတ်ရပေတော့သည် ။ မည့်သည့်အကြောင်းအရာဖြစ်မည်မှန်း ရိပ်မိနေသလိုပါပင် ။
တကယ်တမ်းကျ သူသည် အဖြစ်မှန်အား သိချင်မိသလို တစ်ဖက်၌လည်း လက်ရှိကို မျက်ကွယ်ပြုထားချင်မိနေပါ၏ ။ ထို့ကြောင့်ပင် သူမနဲ့တွေ့ဖို့ရာ ချိတုံချတုံဖြစ်နေခဲ့ကာ ချက်ချင်းအဖြေမပေးခဲ့ပါချေ ။ သို့သော်လည်း သူ့၏ စိတ်သည် သံသယတွေဖြင့်ပြည့်နှက်နေခြင်းကို မနှစ်သက်ရာ အနည်းဆုံးတော့ အဖြစ်မှန်ကို ရင်ဆိုင်လိုက်သည်က ပိုကောင်းမည်ဟု ထင်မိပေသည် ။ တစ်ညလုံး စဥ်းစားအဖြေထုတ်ပြီးမှသာ သူသည် မနက်၌ တွေ့ဖို့ရာ အကြောင်းကြားခဲ့ခြင်း ဖြစ်ပြီး ချက်ချင်း ထွက်လာခဲ့ခြင်း ဖြစ်သည် ။
ယူမြောင်ဟီးသည် ဂါဝန်ရှည်လေးဝတ်ဆင်ကာ ဆိုင်တွင်းသို့ဝင်လာပါ၏ ။ သူမသည် သူ့ကို မြင်သော် ဖြေးညှင်းစွာ လှမ်းလာကာ ဝင်ထိုင်လာပါ၏ ။
" စောင့်နေရတာ ကြာသွားလားဟင် "
" မကြာသေးပါဘူး "
သူသည် ဆက်လက်၍ ဘာပြောရမည်မှန်း မသိရာ နှုတ်ပိတ်၍သာ နေလိုက်သည် ။ အဓိက ပြောစရာရှိသူမှာ ယူမြောင်ဟီးသာ ဖြစ်ရာ သူသည် ယနေ့အဖို့ နားထောင်ရန်သက်သက်သာ ဖြစ်ပါ၏ ။
YOU ARE READING
BLUE
Fanfictionမောင်အတွက်သာဆို သူ ဗီလိန်ဖြစ်ရလည်း အဖြစ်ခံနိုင်သည် ။ တစ်လောကလုံးက အမုန်းတွေကိုလည်း သူခံနိုင်ပါသည် ။ မောင်ကိုတော့ ဘယ်နည်းနဲ့မဆို ပိုင်ဆိုင်နိုင်ရမည် ။ ဒါဟာ သူ့အတွက် အချစ်ဆိုတာပင် ။