အခန်းအတွင်း မီးရောင်မှိန်ပျပျလေးလင်းနေ
လျက် အရာဝတ္ထုများအား မှုန်ဝါးဝါးသာ မြင်ရနိုင်သည် ။ အိပ်ရာထက်ရှိ သူတို့နှစ်ယောက်မှာမူ မျက်နှာချင်းဆိုင်ကြည့်နေခြင်းကြောင့် မျက်နှာအစိတ်အပိုင်းများအား အသေးစိတ်မြင်နေရပေသည် ။ မင်ယွန်းဂီက တစ်ဖက်လူ၏ နှာခေါင်းလုံးလုံးလေးအား ဆွဲညှစ်လိုက်ရင်း စကားဆိုလိုက်သည် ။" မောင် ပြောတာ နောက်နှစ်ကျ လက်ထပ်မယ်ဆိုတာလေ ။ နောက်နှစ် ဘယ်တော့လဲ "
လက်ထပ်ပွဲနှင့်ပတ်သက်၍သူတို့ သေချာမဆွေးနွေးဖြစ်ကြသေးပေ ။ ယခုမူ သေချာဆွေးနွေးသင့်သည့်အချိန်ကောင်း ဖြစ်မည်ပင် ။
မောင်က သူ့လက်ကို ဆွဲယူကာ နမ်းရှုပ်လာရင်း ဆိုလာသည် ။
" နှစ်အစောပိုင်းလောက်ပေါ့ "
" ဒါဆို သိပ်မလိုတော့ဘူးပဲ "
သူ စဥ်းစားရင်း ဆိုလိုက်သည် ။
" ဒီနှစ်ကုန်ကျ အမေတို့ကို ပြောရမှာပေါ့နော် ။ "
မောင်က ခေါင်းညိတ်ပြလာသည် ။
" လာမယ့် ကောက်သစ်စားပွဲတော်ကျ အမေတို့ကို သွားတွေ့ကြရအောင်နော် ။ အဖေက မောင့်ကို မေးနေတာ ။ ဒီနှစ်တော့ အတူသွားကြတာပေါ့ ။ ပြီးတော့ လက်ထပ်မယ့်အကြောင်းလည်း တစ်ခါတည်းပြောလိုက်ကြမယ်လေ "
" အင်း ။ သွားတွေ့ကြမယ်လေ ။ မောင်လည်း အဖေကို မတွေ့ရတာ ကြာပြီ "
" ဒါဆို နှစ်ကုန်ကျ မိဘတွေကို ပြောမယ် ။ ပြီးရင် နှစ်အစောပိုင်းကျ လက်ထပ်မယ် ။ နှစ်ကုန်ခါနီးကျ ကလေးယူကြမယ်နော် "
" ကိုကို့သဘောပါဗျာ ။ "
မောင်က အပြုံးလေးဖြင့် ဆိုလာ၏ ။
" ဒါပေမယ့် ကိုကို့ကို မပင်ပန်းစေချင်ဘူး ။ တကယ်ပဲ ကလေးမမွေးစားချင်ဘူးလား "
မောင်က ထပ်ပြီး ထိုစကားဝိုင်းကို ဦးတည်လာသော် သူလည်း အလျော့မပေးနိုင်ပါချေ ။
YOU ARE READING
BLUE
Fanfictionမောင်အတွက်သာဆို သူ ဗီလိန်ဖြစ်ရလည်း အဖြစ်ခံနိုင်သည် ။ တစ်လောကလုံးက အမုန်းတွေကိုလည်း သူခံနိုင်ပါသည် ။ မောင်ကိုတော့ ဘယ်နည်းနဲ့မဆို ပိုင်ဆိုင်နိုင်ရမည် ။ ဒါဟာ သူ့အတွက် အချစ်ဆိုတာပင် ။