ချစ်သူနှင့်လမ်းခွဲပြီးနောက် အသည်းကွဲသွားရသည့်ကင်မာရီသည် စိတ်အပန်းဖြေရန် နိုင်ငံခြားခရီးစဥ်ထွက်နေလေရာ လွန်ခဲ့သည့်ရက်ပိုင်းလောက်မှသာ သူမသည် ဆိုးလ်သို့ ပြန်ရောက်လာခဲ့လေသည် ။ ဆိုးလ်ရောက်ရောက်ချင်း သူမဆီက အဆက်အသွယ်ကို ရရှိခဲ့ပြီး တွေ့ဖိုရာအတွက်ပင် သူတို့ ချိန်းဆိုထားခဲ့ကြသေးသည် ။
နေ့လယ်ခင်း၌ ကင်မာရီချိန်းသည့်စားသောက်ဆိုင်လေး၌ သူ ရောက်နေခဲ့သည် ။ ခရီးတွေတစ်ခုပြီးတစ်ခုပတ်ထွက်နေရခြင်းကြောင့် သူမ ပုံစံမှာ ပင်ပန်းနေပုံရပါသော်ငြား အရင်ကထက်ပိုပျော်ရွင်လာပုံရပေသည် ။
" ယွန်းဂီ( အာ )မတွေ့ရတာတောင်ကြာပြီ "
" လပိုင်းလောက်မတွေ့လိုက်ရတာပဲ ရှိတာပါနော် "
" နင်နဲ့မတွေ့ရတဲ့လပိုင်းက နှစ်နဲ့ချီကြာသလိုပါပဲဟာ "
သူမက ဆွေးဆွေးမြည့်မြည့်လေးဆိုလာသော် သူကတော့ နှာခေါင်းသာရှုံပြလိုက်သည် ။
" အဲ့လိုသာ လွမ်းတတ်ရင် ခရီးထွက်တုန်းက ငါ့ကို ခေါ်ပါ့လား ။ "
" ခေါ်ချင်တာပေါ့ဟာ ။ နင်မှာက အလုပ်လည်းရှိသေး ။ ဒီကြားထဲ နင့်ကောင်လေးက စိတ်မချလို့မလွှတ်မှာလည်း စိုးရသေးတယ် ။ ပြောရရင် ငါတို့လို Singleတွေကသာ ဘယ်သွားသွားလွတ်လပ်နေတာဆိုတော့လေ "
" အပို ။ ရည်းစားနဲ့ပြတ်တာဖြင့် ဘယ်လောက်ကြာသေးလို့လဲ ။ ငါစောင့်ကြည့်ပါဦးမယ် ။ တစ်ကိုယ်တည်းဘဝနဲ့ ဘယ်လောက်ခံမလဲလို့ "
သူမက လက်ထဲရှိ ခရင်းကို ဝေ့ယမ်းလာရင်း ဆိုလာသည် ။
" တော် ။ လောလောဆယ်တော့ Soloတောက်ပလိုက်ဦးမယ် "
သူ ခေါင်းသာခါရင်း ပါစတာသာ ငုံစားနေလိုက်တော့သည် ။ မည်သို့ပင်ဆိုစေကာမူ ကင်မာရီအစစ်အမှန်ပြန်ရောက်လာခြင်းကြောင့် သူ အမှန်တကယ် ဝမ်းသာရပေသည် ။
" ဒါနဲ့...နင်နဲ့ ဂျွန်ဂျောင်းဂု( ရှီ )နဲ့ရော အဆင်ပြေတယ်မဟုတ်လား "
YOU ARE READING
BLUE
Fanfictionမောင်အတွက်သာဆို သူ ဗီလိန်ဖြစ်ရလည်း အဖြစ်ခံနိုင်သည် ။ တစ်လောကလုံးက အမုန်းတွေကိုလည်း သူခံနိုင်ပါသည် ။ မောင်ကိုတော့ ဘယ်နည်းနဲ့မဆို ပိုင်ဆိုင်နိုင်ရမည် ။ ဒါဟာ သူ့အတွက် အချစ်ဆိုတာပင် ။