သံသစိတ်များနေသည့်သူ၏အတွေးတို့အားရှင်းလင်းပစ်ရန်၌ လုပ်စရာတစ်ခုသာရှိပေသည် ။ ထိုအရာသည် မောင် မသိစေရန် နောက်ယောင်ခံလိုက်ခြင်းသာဖြစ်သည် ။ သူ့ထက်စာလျှင် အလုပ်ဆင်းနောက်ကျသည့်မောင့်အား ကုမ္ပဏီအနီးအနား၌ ချောင်းမြောင်းစောင့်ဖမ်းရခြင်းမှာ ရက်အတော်ကြာပြီဖြစ်ပြီး ယခုထက်ထိ သက်သေပြစရာမပေါ်လာသေးပေ ။ မောင်သည် ယခင်ရက်များကဲ့သို့ပင် အိမ်သို့ အချိန်အတိကျပြန်ရောက်လာခဲ့သည် ။ မောင့်အား နောက်ယောင်ခံလိုက်နေရခြင်းကြောင့် ယခုရက်တွေအတွင်းတော့ နောက်ကျနေသူမှာ သူဖြစ်နေပေတော့သည် ။
ညနေ ၆နာရီ ထိုးပြီးဖြစ်သည့်လက်ပေါ်မှ နာရီကိုငုံကြည့်လိုက်ပြီး ခေါင်းပြန်မော့ကာ မနီးမဝေးမှ ကုမ္ပဏီဂိတ်ဝကိုသာ အာရုံပြန်ပို့လိုက်သည် ။ အင်္ကျီအိတ်ကပ်အတွင်းမှ ဖုန်းသည် ကားထဲရှိတိတ်ဆိတ်နေသည့်ရပ်ဝန်းအား ဖြိုခွဲလာသည် ။
မောင့်ဖုန်းအား သူ ကိုင်လိုက်သည် ။
" ကိုကို...ဒီနေ့ နည်းနည်း နောက်ကျမယ်နော် "
လက်ထဲမှ ဖုန်းအား ကျစ်နေအောင် ဆုပ်ကိုင်မိလိုက်ရသည် ။
" အင်း ။ ထမင်းစားစောင့်နေရဦးမလား "
တစ်ဖက်မှ တစ်အောင့်ကြာ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာသည်။
" မပြောတတ်ဘူး ကိုကို ။ မစောင့်ဘဲ စားရင်လည်း စားထားနှင့်နော် ။ "
" အင်း ။ အင်း "
သူ ဆက်မပြောလို၍ ဖုန်းသာချပစ်လိုက်သည် ။ မကြာမီပင် အဖြေပေါ်လာတော့မည် ဖြစ်သည် ။
ဂိတ်ဝမှ မောင့်ကားလေးသည် ဖြေးညှင်းစွာ ထွက်ခွာလာခဲ့သည်ကို မြင်သော် သူသည်လည်း နောက်ကနေ တပ်ကြပ်မခွာ လိုက်သွားလိုက်သည် ။ မိနစ်အနည်းငယ်ကြာ မောင်းပြီးသည့်နောက် မောင့်ကားလေးသည် ကုန်တိုက်တစ်ခု၌ ရပ်တန့်သွားလေသည် ။ မောင်သည် ကုန်တိုက်ထဲအား ဝင်ရောက်သွားသော် သူသည် ကားထဲ၌သာ ထိုင်စောင့်နေလိုက်သည် ။ သိပ်မကြာပါချေ ။ မောင်တစ်ယောက် အသီးအနှံတစ်ခြင်းနှင့်အတူ အသင့်စားစားစရာတစ်ဆွဲအား ကိုင်ဆွဲလျက် ကုန်တိုက်ထဲမှ ထွက်လာလေသည် ။ ထို့နောက်မှာတော့ မောင်သည် ဦးတည်ရာသို့သာ တိုက်ရိုက်မောင်းသွားလေတော့သည် ။
YOU ARE READING
BLUE
Fanfictionမောင်အတွက်သာဆို သူ ဗီလိန်ဖြစ်ရလည်း အဖြစ်ခံနိုင်သည် ။ တစ်လောကလုံးက အမုန်းတွေကိုလည်း သူခံနိုင်ပါသည် ။ မောင်ကိုတော့ ဘယ်နည်းနဲ့မဆို ပိုင်ဆိုင်နိုင်ရမည် ။ ဒါဟာ သူ့အတွက် အချစ်ဆိုတာပင် ။