Episode _ 8

204 23 2
                                    

ပြီးခဲ့သည့်ရက်သတ္တပတ်လုံးလုံး သူတို့သည် ယခင်ကထက်ပိုသည့်​​ချစ်ခြင်း​မေတ္တာ ၊ နွေး​ထွေးမှုတို့ဖြင့် တစ်ဦးကိုတစ်ဦး ပို၍နားလည်နိုင်​စေရန် ကြိုးပမ်းခဲ့ကြသည် ။ ထို့​ကြောင့်ပင် သူသည် ​ကတိ တစ်ခုအား မျက်စိစုံမှိတ်ကာ လက်ခံ​ပေးခဲ့သည် ။ ထိုကတိကို ရရချင်း ​မောင် ​အ​တော်​လေး ဝမ်းသာသွားခဲ့သည်မှာ ဟန်မ​​ဆောင်နိုင်​လောက်​အောင်ပင် ဖြစ်သည် ။

ယ​နေ့၌ သူသည် Cafe ဆိုင်​လေး၌ ​မောင်နှင့်အတူရှိ​နေခဲ့ပါ၏ ။​မောင် မှာယူ​ပေးထားသည့် အ​မေရိကာနိုမှာ တစ်စက်က​လေး​တောင်မှ မ​လျော့​သေး​ပေ ။  စိတ်ရှုပ်​နေခြင်း​ကြောင့် သူသည် အစားစားမဝင်ပါ​ချေ ။ ​မောင်က ​ပိုက်ကိုသာ အဆက်မပြတ်​မွှေ​နေသည့်သူ့လက်က​လေးကို အုပ်ကိုင်လာပြီး​နောက် ခပ်ဖွဖွ​လေးပြုံးပြကာ ​စားပွဲခုံ​ထက် လက်အားဆွဲ​တင်လာခဲ့သည် ။ ထို့​နောက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာပြီး​နောက် တိုးတိုး​ဖွဖွပြောလာပါ၏ ။

" သူ ​ရောက်​လာပြီ "

မင်ယွန်းဂီသည် စိတ်လှုပ်ရှားစွာဖြင့် ဆိုင်​ပေါက်ဝသို့ လှမ်းကြည့်လိုက်မိ၏ ။ ဂါဝန်အဝါ​ဖျော့​​လေးဝတ်ဆင်ထားသည့်ယူ​မြောင်ဟီးသည် သူတို့အား မြင်​သော် အံ့သြသွားသည့်အကြည့်တို့ ​ပြောင်းလဲသွားခဲ့၏ ။ ​သေချာ​ပေါက် သူ့အား​တွေ့လိုက်ရခြင်း​ကြောင့်သာ ဖြစ်​ပေမည် ။ သူမသည် သူမ၏ သိပ်သိသာ​ပုံမရသည့်ဗိုက်က​လေး​ပေါ် လက်​လေးတင်ကာဖြင့် သူတို့ရှိရာဝိုင်းသို့ ​​ဖြေး​ညှင်းစွာလျှောက်လှမ်းလာသည် ။

" ယွန်းဂီရှီပါ ပါမယ်မှန်းမသိလိုက်ဘူး "

သူမက ခပ်​​ဖျော့​ဖျော့​လေးပြုံးလာပါ​သော်ငြား အကြည့်​တို့ကမူ ​အေးစက်​နေသ​ယောင် ။

" ဟုတ်တယ် ။ ငါ နင့်ကို ကြိုမ​ပြောလိုက်မိတာ ​ဆောရီး ။ ရုတ်တရက်ကြီး ဖြစ်သွားတာမလို့ ။ ထိုင်​လေ "

ယူ​မြောင်ဟီးသည် ​မောင့်မျက်နှာချင်းဆိုင် ခုံ၌ ဝင်ထိုင်လာသည် ။

သူသည် ​ရှေ့မှ မိန်းက​လေးအား အကဲခတ်​နေမိ​ပေသည် ။ အလွန်အမင်းချောလှခြင်းမျ်ိုးမရှိ​သော်ငြား ဆွဲ​​ဆောင်မှုရှိသည်ဟု ဆိုရ​ပေမည် ။ ပထမဆုံးအကြိမ် ​တွေ့ဆုံခြင်းမျိုး မဟုတ်ပါ​သော်ငြား ယခုအကြိမ်မှသာ စိတ်​အေးသက်သာစွာဖြင့် သူမအား စိုက်ကြည့်နိုင်ခြင်းဖြစ်သည် ။ တကယ်တမ်းကျ ယ​နေ့အဖို့ ယူ​မြောင်ဟီးနှင့် ​တွေ့ရန် မလိုအပ်​ပေ ။ သို့​သော် သူသည် သူ​ပေးထားသည့်ကတိအား တည်နိုင်ရန်အတွက် ​မောင်နှင့်သူမ၏ ဆက်ဆံ​ရေးကို မျက်စိနှစ်လုံးဖြင့် ​သေချာအကဲခတ်ရ​ပေမည် ။

BLUEWhere stories live. Discover now