ယနေ့၏ နံနက် ၁၀နာရီတွင်တော့ သူသည် ဧည့်သည်တစ်ယောက်နှင့်ချိန်းထားလျက်ရှိရာ ချိန်းဆိုထားသောကော်ဖီဆိုင်လေးသို့ ရောက်နေခဲ့သည် ။ ဧည့်သည််မှာ နောက်ကျနေခဲ့သောကြောင့် ၁၅ မိနစ်လောက်ကြာ စောင့်ဆိုင်းခဲ့ရသေး၏ ။ မှာယူထားသော် အမေရိကာနိုမှာ ဧည့်သည်ရောက်လာချိန်၌ တစ်ဝက်ကျိုးလုနီးပါးဖြစ်နေခဲ့ပြီ ဖြစ်သည် ။ အိမ်တွင်းအလှဆင်သူတစ်ဦးအနေဖြင့်အလုပ်လုပ်ကိုင်ခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်လေရာ ဧည့်သည်၏လိုအပ်ချက်များအား ကောင်းစွာထုတ်နုတ်ပြနိုင်ခဲ့ပြီး ဧည့်သည်၏ အလိုရှိရာများအတိုင်းအဆင်ပြေစေရန် ကောင်းစွာ ညှိနှိုင်းဆောက်ရွက်နိုင်ခဲ့လေရာ တစ်နာရီအတွင်းမှာပင် ညှိနှိုင်းလိုက်နိုင်ခဲ့ပေသည် ။ ထို့နောက်တွင်တော့ လိုအပ်သည့်စာရွက်စာတမ်းပါအချက်အလက်များအား ရှင်းပြကာ မိမိတို့အပေါ်ယုံကြည်မှုတိုးလာစေရန်အတွက်လည်း စကားများဖောင်ဖွဲ့ပြောဆိုခဲ့လိုက်သည် ။
ကော်ဖီဆိုင်လေးထဲမှ သူထွက်လာချင်းပင် လက်
ပတ်နာရီအား ငုံ့ကြည့်လိုက်သည် ။ ၁၁ ခွဲဝန်းကျင်ရှိပြီဖြစ်ပြီး နေ့လယ်စာစားချိန်တောင် ရောက်လုပြီဖြစ်သည် ။ သူသည် ချက်ချင်းပင် မောင်အား ဖုန်းခေါ်လိုက်သည် ။" မောင်...နေ့လယ်ကျ ဘယ်သူနဲ့ချိန်းထားတာရှိလဲ "
" မရှိပါဘူး ။ "
" ဒါဆို နေ့လယ်စာအတူစားရအောင်လေ ။ ကိုယ်လာခေါ်မယ် "
" ကောင်းသားပဲ ။ ရောက်ခါနီးရင် ဖုန်းဆက်လိုက်နော် ။ မောင် ဆင်းလာခဲ့မယ် ။ "
သို့ဖြင့် မင်ယွန်းဂီမှာ ဖုန်းချလိုက်ပြီးသော် မနီးမဝေး၌ ရပ်ထားသည့်ကားလေးပေါ်သို့ တက်သွားလိုက်သည် ။
ကော်ဖီဆိုင်လေးနှင့်မောင့်အလုပ်ရှိရာကုမ္ပဏီမှာ အလှမ်းမဝေးလေသောကြောင့် မိနစ်ပိုင်းအတွင်းဝယ် ကုမ္ပဏီ၏ဂိတ်ဝကို လှမ်းမြင်နေရပြီ ဖြစ်သည် ။ ထိုစဥ်မှာပင် မောင့်ထံမှ ဖုန်းဝင်လာ၏ ။
" ဟယ်လို မောင် ။ ကိုယ် ရောက်~ "
" အရေးတကြီးတွေ့စရာလေးရှိလို့ မလာဖြစ်တော့ဘူး ကိုကို ။ ခဏနေ ကျွန်တော် ဖုန်းပြန်ဆက်လိုက်မယ်နော် "
YOU ARE READING
BLUE
Fanfictionမောင်အတွက်သာဆို သူ ဗီလိန်ဖြစ်ရလည်း အဖြစ်ခံနိုင်သည် ။ တစ်လောကလုံးက အမုန်းတွေကိုလည်း သူခံနိုင်ပါသည် ။ မောင်ကိုတော့ ဘယ်နည်းနဲ့မဆို ပိုင်ဆိုင်နိုင်ရမည် ။ ဒါဟာ သူ့အတွက် အချစ်ဆိုတာပင် ။