အပိုင်း - ၂(Unicode)

3K 212 6
                                    

                       နာခံချစ်

          ခန့်မင်းသော်အား ကျောင်း Canteenတွင်ဧည့်ခံလိုက်ပြီးနောက် အဆောင်ခဏပြန်ရန် အဓိပတိလမ်းဘက်ထွက်သည့်လမ်းချိုးလေးအတိုင်း လျှောက်လာခဲ့လေသည်။ယနေ့သည် ဧည့်ပေါသည့်နေ့ဟု ကင်ပွန်းတပ်ပေးရမည့်နေ့ဖြစ်နေလားမသိ ကုန်‌ပေါက်မှာတန်းစီနေ၍ပင်။ထပ်၍ သူငယ်ချင်းတစ်ယောက်နှင့် အဓိပတိလမ်းချိုးတွင် တည့်တည့်ဆုံပြန်သည်။

"ဟေး ဟေး မြကြီး ရပ်လိုက်"

     Click ဆိုင်ကယ်နီညိုကို မြနှင်းဥရှေ့တွင်ပိတ်ရပ်လိုက်သည်။ဆိုင်ကယ်ရပ်လိုက်၍ တစ်ဖက်လူကိုကြည့်လိုက်ကာ -

"ဪ ဘယ်သူများလဲမှတ်တယ် ကောင်းထက်ကျော်"

"ငကောင်း နင့်လည်းတွေ့လိုက်လမ်းပေါ်မှာချည်းနော်"

"လမ်းပေါ်မှာစာသင်နေတာလားနင်က"

"မြကြီးတို့ကတွေ့ရင်ဖြုတ်ဖို့ပဲ"

"ဒီမှာ တက္ကသိုလ်ကလေးနှစ်လေးပဲတက်ရတာဟ"

"ဒီလိုလေးသွားလာစားသောက်ရင်းဖြတ်သန်းရတယ်ဟ"

"နင်လိုစာကြမ်းပိုးတွေဒါတွေနားမလည်ပါဘူး"

"မလည်ဘူး ဘေးဖယ် အဆောင်ဘက်သွားမလို့"

"မြကြီး နင်ငါ့ကိုမုန့်၀ယ်‌မကျွေးတာကြာပြီ ဒီနေ့လိုက်ကျွေး"

"ဟယ် နင်တို့ကောင်တွေ ငါ့ကိုအစီအစဉ်ချပြီးမွဲဆေးဖော်နေတာလား"

"ခုနကပဲခန့်မင်းသော်ကနှိပ်စက်သွားပြီ သူ့ကောင်မလေးလာကြောင်တာ ငါ့အဆစ်မုန့်ကျွေးခိုင်းတာ"

"နင်တို့ Loyal Team ဘော်ဒါကဟာတွေ အကြံတူတွေဟယ်"

"ငါ့များဘောစိများမှတ်နေလား"

"တစ်နေ့မှတစ်ထောင်ရတာ"

"မရဘူး ၀ယ်ကျွေး"

"နင့်ဦးလေးလျှပ်စစ်ကန်ထရိုက်ပဲဟာ"

"နင့်အမေကစတိုးပိုင်ရှင်ကြီးကိုနင်ကလည်း"

"ဟ အဲ့တာငါ့အမေဟာလေ"

"ငါ့အမေနဲ့ငါ့ဦးလေးဟာက ဘာဆိုင်ငါနဲ့"

"စိတ်ညစ်တယ်"

"ပြော ပြော စိတ်ကုန်တယ် ပြော ဘယ်သွားမှာ"

She is my first love (Completed)(Unicode+Zawgyi)Wo Geschichten leben. Entdecke jetzt