အချစ်လွန်ခြင်း၏နောက်ဆက်တွဲ
နံနက်ခင်းအိပ်ရာထ၍ ကျောင်းရှေ့သွားကာမနက်စာဝယ်ပြီးနောက် ဘုရားတင်မည့်ဟာတင် ပြီးနောက်မိမိအတွက်ဝယ်လာသည့် မြှီးရှည်တစ်ပွဲကို ခပ်သွက်သွက်စားလိုက်သည်။ပိတ်ရက်ဖြစ်၍ ကျောင်းတက်ရက်က မလျှော်အား၍ ပစ်ထားသည့်အ၀တ်အစားအချို့ရှိသဖြင့် လျှော်ရပေဦးမည်။ထို့နောက်အခန်းသန့်ရှင်းရေးလုပ်ရမည်။
ပြီးမှရေမိုးချိုးအ၀တ်အစားလဲပြီး နေ့လည်ထမင်းချိုင့်ကိုစောင့်ရင်း စာအုပ်တစ်အုပ်လောက်တော့ထိုင်ဖတ်မည်ဟုစိတ်ကူးမိသည်။စိတ်ကူးအစီအစဉ်အတိုင်း မနက်အိပ်ရာထကတည်းက လုပ်လိုက်သည်မှာ မနက်၁၀နာရီခန့်မှ ရေမိုးချိုးပြီးတော့သည်။အလုပ်ပြီး၍ စာအုပ်ဖတ်ရန်ကော်ဖီတစ်ခွက်အရင်ဖျော်လိုက်သည်။ပြီးမှ ခွက်ကိုကုတင်ဘေးက စားပွဲလေးပေါ်အသာတင်လိုက်ပြီး စားပွဲပေါ်မှစာအုပ်တစ်ချို့ကိုမွှေနေသည်။ထိုစဉ် ဖုန်းကလာပြန်သဖြင့် -
'ဟယ်လိုမမ"
"ပြော"
"နန်းကေရေ သမီးအခြေအနေရော အဆင်ပြေလား"
"ဪ သူ့သမီးကိုစိတ်ပူလို့ဆက်တာပဲတို့မမတို့များ ညီမလေးစိတ်မပူပါဘဲနော်"
"နန်းကေရယ် ညီမလေးကမမစိတ်ပူစရာမှမလိုတာကွယ် လူကြီးနဲ့ကလေးကို ရစ်ထုပ်ကြီးလုပ်နေပြန်ပြီကွယ်"
"ပြေပါတယ်မမရယ် နန်းကေရှိနေပါတယ်ဆိုနေကာမှ မမကဘာကိုပူနေပြန်ပြီလဲ"
"မတော်တာနဲ့တွေ့မှာစိုးလို့ပါညီမလေးရယ်"
"မမကိုကလေးကအမြင်မကြည်လင်ပေမယ့် မမကတော့အဲ့ဒီကလေးကိုချစ်တယ်"
'ဟုတ်ပါပြီမမရယ် ကိုကျော်ရောနေကောင်းလား"
'ဒီလိုပါပဲ သူ့နှလုံးကလည်းဖောက်ချင်တဲ့အချိန်ဖောက်နေတော့ ခုတလောပိုဂရုစိုက်ပေးဖြစ်နေတယ်မမလည်း"
"မမအိမ်ထောင်ကျတော့ အပျိုတုန်းကထက်နှစ်ဆပင်ပန်းနေပြီထင်တယ်"
"ပင်ပန်းတယ်လို့တော့ဘယ်ဟုတ်ပါ့မလဲ မမချစ်လို့ဦးလေးနဲ့တောင်အတိုက်အခံလုပ်ပြီး ယူထားတဲ့အိမ်ထောင်ဘက်လေ"
VOUS LISEZ
She is my first love (Completed)(Unicode+Zawgyi)
Roman d'amourတက္ကသိုလ်အချစ်ဇာတ်လမ်းလေးပါပဲ Age gap မို့ ဖတ်ရှု့ခံစားပေးပါဦး နူးညံ့ချိုမြိန်သောအချစ်ရဲ့ရသတွေခံစားကြဦးစို့