အပိုင်း - ၁၁(Unicode)

1.5K 147 5
                                    

              စိတ်ရင်းပါသောတာ၀န်

    "ရေစက်နော်"
(နိုးနိုး)

"ဝါးတားစက် ဟုတ်လား"
(ခေတ်ခေတ်)

"ဒီနှစ်ယောက်နဲ့နေရတာ ရူးချင်တယ် နင်တို့ဘာတွေပြောနေကြတာလဲညီမလေးတို့"
(မီးမီးငယ်)

"အေးလေဟယ် ရည်းစားနဲ့စိတ်ကောက်ပြီးဘူလို့နင်တို့နဲ့မုန့်လာစားပါတယ်ဆို"
(အိသက်)

"ငါပြောတာကဟာ နင်ရယ် မမငယ်ရယ် မြနှင်းရယ် ငါတို့ရယ်ဆုံကြရတာရေစက်လို့ပြောတာ ခုတစ်ဖယ်ရီထဲပဲလေ"
(နိုးနိုး)

"နင်ကလည်း အစကတည်းကဒီလိုရှင်းရှင်းပြောလိုက်ရတာပဲ နင်ကိုကကွေ့နေလို့"
(မြနှင်းဥ)

"နင်တို့တွေဒီနေ့အတန်းလစ်လာတာမလား"
(အိသက်)

"အေး သုံးယောက်သဘောတူတစ်ကျိုးတည်းလစ်လာတာ"
(ခေတ်)

"ကြာတော့လည်းဟယ် တာ၀န်အရသင်နေရတာကို နည်းနည်းငြီးငွေ့လာ‌တာပေါ့"
(နိုးနိုး)

"လာပြီ လာပြီ စကားကြီးစကားကျယ်တစ်သန်းက"
(မြနှင်းဥ)

"ဪ နင်ကတော့အတော်ပျော်နေတယ်ပေါ့ ခုလိုက်လာတာ ငါတို့တွေကအတင်းခေါ်လို့ မလိုက်ချင်လိုက်ချင်ပေါ့ ဟုတ်လား"
(ခေတ်)

"ဪ နင်ကလည်းဟာ စတာကို အထိမခံဆန်းဆန်းတင့်တာလည်းလွန်"
(မဲ့ရွဲ့ပြရင်းစကားကိုပြန်ချေပြလိုက်ပြန်သည့်မြနှင်းဥ)

"မြင်လားမမငယ် သူကလေ တအားဆရာကြီးလုပ်တာ သူလိုဟာဆရာမမဖြစ်ရင် သီလရှင်ပဲဖြစ်မှာ"
(နိုးနိုး)

"ဟား ဟား ဟား"

     မီးမီးငယ်ရော အိသက်ကပါပြိုင်တူရယ်မောလိုက်ကာ ရယ်သံတို့ကဓာတုဆောင်အောက်ထပ်တွင် ဆူနေပေသည်။ကျောင်းသားဘ၀ ကျောင်းလစ်ကြသည်မှာ အဆန်းတကျယ်ရှိလှသည့်ကိစ္စတော့မဟုတ်။စာသင်ရင်း ငြီးငွေ့ကာ စိတ်ပျော်ရာပျော်ကြောင်း အပန်းဖြေနည်းကမျိုးစုံ။ရည်းစားရှိသူတို့က ကျောင်းတွင်းမှ ချုံကောင်းကောင်းရှိသည့်နေရာ ချောင်ကောင်းကောင်းရှိသည့်နေရာတွင် ထီးရောင်စုံလေးများကွယ်ကာဝှက်ကာသာဖြင့်တစ်ဖုံ။

She is my first love (Completed)(Unicode+Zawgyi)Donde viven las historias. Descúbrelo ahora