အပိုင်း - ၉(Unicode)

1.6K 156 5
                                    

              သောကမှသည်မေတ္တာဆီ

       ပထမတစ်ဖြတ်ကျောင်းပိတ်ကာလမှာ ကုန်ဆုံးလာပြီး ကျောင်းပြန်တက်ရန် ၂ရက်သာလိုတော့သည်။ထိုအချိန်တွင် အ၀တ်ပုံးထဲတွင်ချောင်ထိုးထားမိသည့် မြန်မာ၀တ်စုံများကို အပေါ်အောက်လှန်လှောရလေသည်။ကျောင်းသွားသည့်အခါ မြန်မာ၀တ်စုံ၀မ်းဆက်သာ၀တ်လေ့ရှိပြီး အိမ်နေရင်း ဘောင်းဘီရှည်နှင့်တီရှပ်သာ၀တ်လေ့ရှိသောကြောင့်ဖြစ်သည်။

       ကျောင်းပိတ်တုန်းက အသေအချာအကျအနခေါက်သိမ်းထားသည့် မြန်မာ၀မ်းဆက်ကလေးများကို အ၀တ်ပုံး၏အောက်ဆုံးမှသည် အပေါ်ဆုံးထိပြန်နေရာချပြီး လက်ကိုင်အိတ် စာရေးကိရိယာကအစ ပြန်ရှာထားတော့သည်။ကျောင်းတက်စဉ်ကစီးခဲ့သည့်ဖိနပ်ကလေးကိုလည်း ဖိနပ်အိတ်ထဲမှထုတ်ကာအသင့်ဖိနပ်စင်တွင် နေရာချထားရသည်။

     ညပိုင်းဆိုင်သိမ်းပြီးနောက် တကုပ်ကုပ်နှင့်မြနှင်းဥတစ်ယောက်အလုပ်များနေ‌သည်။အပေါ်တက်လိုက်အောက်ဆင်းလိုက်လုပ်နေသဖြင့် မိခင်ကဧည့်ခန်းတွင်ထိုင်နေရင်း -

"ဥလေး ဘာတွေလုပ်နေတာလဲ"

"မေချိုမျက်စိတောင်မှောက်ချင်နေပြီ"

"ဘာလုပ်ရမလဲမေချိုရယ် ကျောင်းဖွင့်တော့မယ်လေ"

"ပြင်စရာရှိတာပြင်ရတယ်လေ"

"မေ့သမီးကတော့ ကျောင်းတက်ဖို့ကိုတက်ကြွလို့ပါလား"

"တက်ကြွရတယ်လေ ကျောင်းက၂လကိုအတော်ပျင်းနေပြီမြက"

"သူငယ်ချင်းတွေနဲ့ဆုံရတာလေ ကျောင်းဖွင့်မှ"

"မေချိုတို့ခေတ်ကလည်းတူတူပဲမလား"

"ဟုတ်ပါ့ကွယ် မေ့သမီးကြည့်ပြီးငယ်ငယ်ကတက္ကသိုလ်ကျောင်းသူဘ၀ပြန်သတိရတယ်"

"ဥလေး စာအုပ်လိုသေးလား ‌ဗလာစာအုပ်"

"လိုရင်ဆိုင်ကယူသွားလိုက်"

"မေချိုကိုပြောနော်"

"တစ်ထုပ်ဆို တစ်ထုပ်စာပြန်ထည့်ရမယ်ငွေကို"

"ဆိုင်ထဲကငွေနှုတ်လို့မရဘူး"

"ဟုတ်ကဲ့ပါ ခုတော့မလိုပါဘူး အရင်အဖြတ်ကလက်ကျန်တွေရှိသေးတယ်"

She is my first love (Completed)(Unicode+Zawgyi)Donde viven las historias. Descúbrelo ahora