အပိုင်း - ၁၈(Zawgyi)

248 6 0
                                    

        လေးပွင့်ဆိုင်ကြမ္မာ၏လှည့်ကွက်

    အချိန်ခဏလေးနှင့်ဖြစ်ပျက်ပြောင်းလဲမြန်လှသည့်လေးပွင့်ဆိုင်အချစ်မှာ ကြာလေပို၍ ဘေးကြပ်နံကြပ်များဖြစ်လာတော့မည်။အတိတ်၏အချစ်ဦးကိုခုထိမမေ့နိုင်သေးသော်လည်း ဖေးမကူညီရင်းမိမိအားနွေးထွေးမှုတစ်စုံတစ်ရာပေးနေ‌သူကိုလည်း တွယ်ဝာာမိနေသည်။ဤအရာကား အချစ်ဟုမထင်သေး။တွယ်တာစိတ်သက်သက်သာဟုတွေး၍ စိတ်၏ အချစ်နှင့်ဆင်တူနီးနီးအယောင်ပြအာရုံဟုလက်ခံနေခဲ့သောမြနှင်းဥ။

      ကျေးဇူးနှင့်အခွင့်အရေးယူခြင်းကို‌အမြင်လွဲစွပ်စွဲခံရမည့်အရေးကို အချစ်ရေးထက်ကြောက်ရွံနေသူတစ်ဦး။ထိုခံစားချက်တို့ကိုရင်ထဲတွင်သိမ်းဆည်းပြီး ကိုယ်ချစ်သည့်စိတ်ကိုယ်သာသိစေတော့မည်သူတစ်ယောက်လည်းရှိခဲ့သည်။

   စိတ်အာရုံတွင်လည်းရှိခဲ့သည်။ချစ်နေသည့်စိတ်ကိုလည်းခံစားနေရသည်။သို့သော်မပွင့်မလင်းရှိလှကာ ဒေါသမာန်ပြင်းလှသည့် အက်ဆစ်လိုအချစ်တို့နှင့် ဖွဲ့စည်းထားသူ ဒေါ်ငြိမ်းကြည်ပြာဝင်း။

       ချစ်ခြင်းမျဉ်းပြိုင်များနှင့်သာဆင်တူနေပေသည်။တစ်ယောက်အပေါ်တစ်ယောက်သက်ရောက်စေပုံခြင်းမှာမတူ။နူးညံ့သိုဝှက်သည့်အချစ်၊အားပြင်းပေါက်ကွဲလွယ်သည့်အချစ်၊လှိုက်စားမူးယစ်နေလိုသည့်အချစ်စိတ်တို့ပင်။အရာအားလုံးသည်ပင် အချစ်စိတ်ကြောင့်ဖြစ်ပေါ်လာသော လူတို့၏အမူအကျင့်များပင်ဖြစ်ကြလေတော့သည်။

       ဟန်ဆောင်ဇာတ်လမ်းသာဆိုသည် မြနှင်းဥရင်ထဲအသည်းထဲတွင်ကိန်းအောင်းနေသည်က မေတ္တာတရားကိုတန်ဖိုးထားသည့်စိတ်ပင်ဖြစ်သည်။တစ်လျှောက်လုံးအချစ်ဦးနှင့်ပြဿနာဖြစ်ကြချိန်တိုင်း အနားတွင် နားတစ်စုံရှိခဲ့သည်။နာကျင်ဝမ်းနည်းမှုများကို တသီကြီးဖွင့်ဟနိုင်သည်။တစ်လှေကြီးပြောဆိုခွင့်ရှိသည်။

     ဤစကားတို့သည် ဤနေရာတွင်သာနိဂုံးချုပ်သည့် လုံခြုံစိတ်ချရသည့်ရပ်ဝန်းငယ်တစ်ခုကိုတော့ ပိုင်ဆိုင်ချင်သည်။ဤအရာသည် ဒေါ်ငြိမ်းကြည်ပြာဝင်းကြောင့်ဖြစ်ပေါ်လာသည့်ဝမ်းနည်းကြေကွဲစရာအပုံကြီးထဲမှ တစ်ခုတည်းသော လုံခြုံမှုရပ်ဝန်းငယ်ကလေးဟုသတ်မှတ်နေမိသည်။သို့သော်မြနှင်းဥကြိုမသိခဲ့သည်က အချစ်ဦးဆီကတန်ပြန်လာတော့မည့် မြှားများကိုမမြင်ခဲ့။

She is my first love (Completed)(Unicode+Zawgyi)Where stories live. Discover now