အပိုင်း - ၁(Unicode)

9.9K 325 19
                                    

           ကျွန်မတာ၀န်အရေးမျိုးစုံ

      အနာဂတ်၏သားကောင်းသမီးကောင်းရတနာများပညာဆည်းပူးရာ အမိတက္ကသိုလ်နယ်မြေ သို့မဟုတ် မြကျွန်းညိုညိုဟုတင်စားခေါ်‌ဆိုကြသည့်နေရာတွင် ဖြူနီပြာကာလာစုံအရောင်အသွေးတို့ဖြင့် လှပစွာ၀တ်စားထားသည့် အပျိုစင်ကလေးများကိုတွေ့ရသည်။ကြွကြွရွရွခြေလှမ်းကလေးများနှင့် ရှိုးအပြည့်ပင်။

     ခြေညှပ်ဖိနပ်ရောင်စုံ၊ဒေါက်နိမ့် ဒေါက်မြင့်ရောင်စုံ ဒီဇိုင်းစုံကို ထိုမိန်းကလေးတို့၏ခြေဖဝါးအောက်တွင်တွေ့နေရသည်။လက်ကိုင်အိတ်၊‌ ကျောပိုးအိတ်အကြီးအသေးအရွယ်စုံမှာလည်း မိန်းမပျိုလေး၏ ကျောထက်နှင့်ပုခုံးထက်တွင်နေရာယူထားကြသည်။ကျောင်း၀န်းတစ်ဝိုက်လည်း ကား ဆိုင်ကယ်တို့က တဝီဝီလည်။

     ကျောင်း၏အင်္ဂါရပ်များတွင်ပါ၀င်နေသည့် ခဲရောင်အဆောင်ရှည်ကြီးများ၊အနီရောင်အဆောင်ရှည်ကြီးများကလည်း ကျောင်း၀န်းအတွင်း ငွားငွားစွင့်စွင့်တည်ရှိနေပေသည်။ကျောင်း၀န်းအတွင်းသစ်ပင်ကြီးငယ်အောက်က ထိုင်ခုံလေးများတွင်လည်း လူအပြည့်ရှိနေလေသည်။

     အမှန်စင်စစ် ဤရက်မှာနေ့သင်တန်းသမားများ၏ ပြန်လည်ဆုံစည်းခန်းရိုက်ကူးကြသည့်နေ့။ပထမနှစ်၀က်စတင်တက်ရသည့်နေ့ဖြစ်၍ ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်၊စတုတ္ထနှစ်၊ဂုဏ်ထူးတန်း၊မဟာတန်း အစရှိသဖြင့် အတန်းစုံ မေဂျာစုံမှ ကျောင်းသူကျောင်းသားများ၏ ပထမဆုံးကျောင်းတက်ရက်ဖြစ်တော့သည်။

      ကျောင်းထဲတွင်ကျောင်းသားတစ်ချို့တစ်၀က်သွားလာနေကြသကဲ့သို့ ကျောင်းပြင်တွင်လည်းတစ်ချို့တစ်၀က်ရှိပေသည်။ကျောင်းပြင်က ကဖေးဆိုင် အအေးဆိုင် အသုပ်စုံဆိုင်များတွင် ကိုယ့်အစုအဖွဲ့နှင့်ကိုယ်ထိုင်နေကြသူများလည်းရှိသကဲ့သို့ အတွဲကိုယ်စီဖြင့် ကျောင်းနီးနားမှ ဘုရားတကာဘုရားပတ်ဖူးနေကြသည့် ကိန္နရာချောင်းခြားအဖွဲ့လည်းရှိပြန်သည်။

      နောက်ဆုံးတစ်ဖွဲ့မှာမူ ပထမဆုံးရက်ဖြစ်၍ ကျောင်းခန်းထဲမရောက်ဘဲ ဖယ်ရီပေါ်တွင် စခန်းချနေသူများအဖွဲ့ဖြစ်သည်။ဖယ်ရီပေါ်တွင် မိတ်ကပ်ဘူးဖွင့်ကာ မိတ်ကပ်လိမ်းလိုက် နှုတ်ခမ်းနီဆိုးလိုက်နှင့်အလုပ်ရှုပ်နေသည့်သူ၊အစားအသောက်မျိုးစုံ၀ယ်ကာ စားသောက်နေသူ၊ဖုန်းတစ်လုံးကိုကိုင်လျက် ဖယ်ရီနောက်ခန်းက လက်ရန်းကိုမှီ၍ ဇာတ်ကားဈာန်၀င်နေသူ အစရှိသဖြင့် ပုံစံမျိုးစုံနှင့်မိန်းကလေးအုပ်စုများလည်းရှိသည်။

She is my first love (Completed)(Unicode+Zawgyi)Donde viven las historias. Descúbrelo ahora