အမုန်းဖြင့်အသိအမှတ်ပြုခြင်း
ကျောင်းပိတ်ရက်ဖြစ်၍ စိတ်ရောကိုယ်ပါအနားရပြီဖြစ်သည်။နံနက်ခင်း alarm သံတို့ မကြားရသည့်နေ့၊တစ်နာရီအတွင်း ရေမိုးချိုး မနက်စာစား အလှပြင်ခြင်းနှင့်တိုလီထွာလီတို့မလုပ်ရသည့်နေ့။ခြေရောလက်ရောဆန့်ကာ အိပ်စက်ခြင်းကိုအရသာခံရသည့်မနက်ခင်းကလေးဖြစ်သည်။ပိတ်ရက်တို့မကုန်ဆုံးစေချင်သည့် စိတ်ကလေးမှာကျောင်းသူကျောင်းသား ရုံးသူရုံးသားတို့၏ပိတ်ရက်ရောက်တိုင်းဖြစ်ပေါ်လေ့ရှိသည့် ဆန္ဒတစ်ခုဖြစ်သည်ကမလွဲဧကန်။
မနက်ခင်းအချိန်မှန်တော့နိုးနေသည့်မျက်လုံးများမှာမူ alarm သံမကြားရလည်းနိုးနေမြဲ။မျက်နှာသစ် မနက်စာစားပြီးသည်နှင့်ဆိုင်ထိုင်ရသည်။ထို့နောက်နေ့လည်မှ မိခင်နှင့်လူချင်းခဏလဲ၍ ရေချိုးထမင်းစားကာ ညနေပိုင်းမှသည် ညပိုင်းထိတစ်ခါ ကုန်စုံဆိုင်ထဲတွင်သာအချိန်ကုန်သည်။
ပိတ်ရက်၏ညသည်လည်း အလုပ်တစ်ခုပြီးတစ်ခုဆက်နေရင်းနှင့်ပင်မိုးချုပ်ခဲ့ပေသည်။ညမိုးချုပ်လျှင်ဆိုင်ပိတ်ပြီးသည်နှင့် အခန်းထဲတက်သွားကာ အပြင်မထွက်ဖြစ်သည်ကများသည်။ဤရက်များတွင်ပိုဆိုးလာသည်ဟုပြောရမည်။စာကပေးသည့်ဖိစီးမှုထက် အချစ်ရေးနှင့်ပတ်သတ်သည့်စိတ်ဖိစီးမှုကထပ်တိုးနေပေသည်။
သို့သော် စာဘက်သို့အာရုံမရောက်ချင်သောစိတ်တို့ကို အသေအချာထိန်းမတ်နေပါသေးသည်။ကျောင်းတက်ရက်တွင်စာမလုပ်ချင်သည့်စိတ်ကိုကျောင်းပိတ်ရက်တွင်တော့ အသေအချာထိန်းချုပ်သည်။ဖတ်စရာမှတ်စရာများကို တန်းစီလုပ်နေစဉ် ဖုန်းမြည်လာ၍ ဖုန်းကိုင်လိုက်သည်။
"အေး ခန့်မင်းသော်"
"မြကြီး ငါနင့်ကိုဖိတ်စာလာပို့တာ နင်တို့ဆိုင်ကပိတ်သွားလို့"
"ဘာဖိတ်စာလဲဟ"
"ငါ့မင်္ဂလာဆောင်ဖိတ်စာလေ ငါမိန်းမယူတော့မှာ"
"ဗြုန်းစားကြီးပါလားနင်ကလည်း ဘယ်တုန်းကများခိုးပြေးလိုက်တာလဲ"
"ခိုးပြေးစရာလားဟ ငါကငါ့အနေအထားကြီးနဲ့ ယောက္ခမအိမ်ကတံခါးမရှိဓါးမရှိ"
YOU ARE READING
She is my first love (Completed)(Unicode+Zawgyi)
Romanceတက္ကသိုလ်အချစ်ဇာတ်လမ်းလေးပါပဲ Age gap မို့ ဖတ်ရှု့ခံစားပေးပါဦး နူးညံ့ချိုမြိန်သောအချစ်ရဲ့ရသတွေခံစားကြဦးစို့