နှင်းပွင့်စိမ်းလေး၏ချစ်သူ
ဖယ်ရီပေါ်မှအဆင်း အရင်နေ့များလိုပင်ထမင်းချိုင့်ခြင်းဆွဲကာ ဆိုင်ထဲဝင်လာသည်။ငိုက်စိုက်ကျနေသောခေါင်းက ဆိုင်ထဲမှဖြတ်ကာ အနောက်ဘက်အိမ်ထဲသို့သာဦးတည်သွားသည်။ဈေးဝယ်ကျနေချိန်ဖြစ်၍ သမီးပြန်လာသည်ကိုကြည့်ရုံမျှကြည့်လိုက်မိပြီး ဆိုင်သိမ်းချိန်ရောက်မှ သမီးအခန်းထဲလိုက်သွားတော့သည်။အခန်းတံခါးခေါက်လိုက်ရာတွင် -
"ဥလေး မေချိုခဏ၀င်ခဲ့မယ်"
"မြလာဖွင့်ပေးမယ်နော်မေချို"
ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်ပြီးနောက် တံခါးလာဖွင့်ပေးလေသည်။မြနှင်းဥဆံပင်တို့ကိုပုံမပျက်စေရန် သေချာပြန်လည်စည်းနှောင်ထားသော်လည်း မျက်နှာမှ ဒဏ်ရာဒဏ်ချက်တို့ကိုမူ ဖုံးကွယ်ရန်သတိမထားမိ။သို့သော် မိခင်၏အသိနှင့်မေတ္တာစိတ်ကတော့ ပြဿနာတစ်စုံတစ်ရာရှိဟန်ကိုနှိုးဆော်နေလေသည်။ထို့ကြောင့် -
"ဥလေး ကျောင်းတက်ရတာအဆင်ပြေလား"
"မုန့်ဖိုးတွေရောလိုသေးလား မေချိုကိုပြော"
"မလိုပါဘူးမေချိုရဲ့ မြလောက်ပါတယ်"
"ကျောင်းတက်ရတာရော တအားပင်ပန်းလား"
"ကျောင်းသူစာသင်တာပဲပင်ပန်းတယ်လို့တော့လည်းမဟုတ်ပါဘူးမေချိုကလည်း"
"ထူးထူးဆန်းဆန်းတွေလာမေးနေပြန်ပြီ"
"ဒီနေ့ထူးဆန်းနေတာမေချိုမဟုတ်ဘူး ဥလေး"
"အိမ်ကိုဝင်လာကတည်းကစစ်ရှုံးလာတဲ့စစ်သည်ကြီးကျလို့ပဲ ဆိုင်ထဲကနေအနောက်ကိုတန်းကူးသွားတာ"
"မေချိုရေ မြပြန်လာပြီတောင်မပြောဘူး"
"Sorry မေချို မြမေ့သွားတာ မြအတွေးများနေတာနဲ့"
"နှုတ်ဆက်တာမဆက်တာက အရေးကြီးတာမဟုတ်ပါဘူး"
"အရေးကြီးတာကဥလေးရဲ့ပုံစံပြောင်းနေတာ"
"မပြောင်းပါဘူး ဒီတိုင်းပါပဲ"
"ဒါဆိုဒီမျက်နှာကအစင်းကြောင်းတွေကဘာလဲဥလေး"
YOU ARE READING
She is my first love (Completed)(Unicode+Zawgyi)
Romanceတက္ကသိုလ်အချစ်ဇာတ်လမ်းလေးပါပဲ Age gap မို့ ဖတ်ရှု့ခံစားပေးပါဦး နူးညံ့ချိုမြိန်သောအချစ်ရဲ့ရသတွေခံစားကြဦးစို့