မိုးစက်ကြားကပျော်ရွှင်ခြင်း
မနက်ခင်းအတန်းချိန်လေးချိန်ပြီးသွားလျှင် နေ့လည်ဘက် ထမင်းစားချိန်ရောက်လာခဲ့သည်။ဒီနေ့ ဗိုက်ကအတော်ဆာနေပါသော်လည်း ထမင်းချိုင့်မပါ။လျှပ်စစ်မီးသာအဓိကသုံးလေ့ရှိသည့်အိမ်ဖြစ်၍ ညဘက်မှ တစ်အိမ်လုံး fuse ပြတ်သွားခဲ့သည့်အဖြစ်က မနက်ထိထမင်းအိုးမှာမကျက်တော့။
သို့ပါ၍ကျောင်းကားပေါ်ထမင်းချိုင့်မပါဘဲတက်ရသည့်နေ့။အတန်းချိန်ကိုမနက်တစ်ပိုင်းကျိုးအောင်တက်ပြီး ထမင်းစားချိန်ရောက်လျှင် Canteen သို့ပြေးရလေသည်။ခေတ်ဆည်းဆာနှင့်နိုးနိုးမှာ အတူစားရန်ခေါ်သော်လည်း အားနာနာနှင့် ကျောင်း canteen ဆီသာသွားခဲ့သည်။
ထီးတစ်ချောင်းအဖော်ပြုကာ မေဂျာဆောင်မှထွက်လာရင်း တစ်ဖြည်းဖြည်းသွားနေသည့် ထီးအရိပ်လေးကို တစ်ချက်တစ်ချက်ကြည့်လိုက်သည်။ရွေ့လျားနေသည့်အရိပ်လေးကိုကြည့်လိုက် ရှေ့တူရူကိုကြည့်လိုက်နှင့်အဓိပတိလမ်းမပေါ်ရောက်လာလေသည်။ပလက်ဖောင်းပေါ်တက်စဉ် ဘေးတွင်ကားတစ်စီးလာရပ်သည်။
ကြည့်လိုက်သည့်အခါ ရှေ့ခန်းမှကားမှန်မှာတစ်၀က်ခန့် ပွင့်လာပြီး အထဲတွင် ပါဝါမျက်မှန်ကလေးကိုတပ်ထားသည့် အမျိုးသမီးကိုမြင်လိုက်ရလျှင် -
"ဆရာမ"
"ရှင်"
"ဘယ်သွားမလို့လဲ"
"ထမင်းစားပေါ့"
"ရှင်လေးလမ်းကြုံလိုက်မလားလို့ပါ နေပူထဲထီးတစ်ချောင်းနဲ့သနားလို့"
"ဟား ဟား မသနားပါနဲ့ဆရာမရယ် လျှောက်နေကျပဲ"
"ခုမြcanteenဆီသွားမလို့လေ ထမင်းချိုင့်ပါမလာဘူး"
"လိုက်မလား"
"ဘယ်လဲဆရာမ"
"ကျွန်မလည်းအဲ့ဒီသွားမှာလေ"
"အားနာစရာ"
"လာပြန်ပြီလားဒီအားနာတာ"
"လူကိုအားမနာတောင် ဓာတ်ဆီလေးတော့အားနာဖို့ကောင်းပြီနော်ကောင်မလေး"
"စက်နှိုးထားရင်းပြောနေတာဒီက"
"ပြောဖူးတယ်မလား ဓာတ်ဆီဆိုင်ကိုကျွန်မဒယ်ဒီမပိုင်ဘူးလို့"
YOU ARE READING
She is my first love (Completed)(Unicode+Zawgyi)
Romanceတက္ကသိုလ်အချစ်ဇာတ်လမ်းလေးပါပဲ Age gap မို့ ဖတ်ရှု့ခံစားပေးပါဦး နူးညံ့ချိုမြိန်သောအချစ်ရဲ့ရသတွေခံစားကြဦးစို့