နောက်ဆုံးအနေနဲ့ပြောခဲ့ချင်တာ ကျွန်မစာတွေကစိတ်ကူးတွေနဲ့ဖြစ်တည်နေတာပါ စိတ်ကူးတွေကိုဘောင်ခတ်တဲ့အခါ ဇာတ်လမ်းကပုံသေကားချပ်သတ်မှတ်ထားတဲ့ဆုံးမစာတစ်ပုဒ်နဲ့တူပါလိမ့်မယ်
အများသဘောထားက ဒီလိုဆိုသူတို့မဖတ်ချင်တာကိုကျွန်မလည်းဆက်ရေးဖို့စိတ်ကူးမရှိပါဘူး ကျွန်မသဘောထားတောင်းခံရုံပါပဲကျွန်မတစ်ခုထက်ရှင်းပြပါမယ် ကျွန်မရေးနေတာက fiction စိတ်ကူးယဉ်ဇာတ်ကောင်ဆိုတာ သတိရပေးပါ စိတ်ကူးထဲမှာမိထွေးကိုတောင်ချစ်မိသေးတာပါပဲရှင် ဒါပေမယ့် ကျွန်မမိထွေးနဲ့ပြန်ပေးစားတဲ့ဇာတ်အိမ်မျိုး try ခဲ့တာမျိုးမရှိသေးလို့ပေါ့နော် ဒါတစ်ချက်
မဖြစ်သင့်ဘူးဆိုတဲ့အချက်ပေါ့ အခုကျွန်မတို့တွေခံယူထားတဲ့အချစ်ရေးကိုက မိန်းကလေးချင်းမဖြစ်သင့်ပါဘူးဆို လူတွေသတ်မှတ်ထားတဲ့အချစ်ရေးတစ်ခုမဟုတ်လားရှင်
ဒီတော့ မိထွေးရဲ့ညီမဖြစ်လို့မချစ်ရဘူးဆိုတဲ့စာဖတ်သူအမြင်ကို ကျွန်မရှင်းပြရုံပါ
ဒီသဘောထားနဲ့ပတ်သတ်လို့စာဖတ်သူအမြင်ပါ ကျွန်မကောင်း၏ဆိုး၏မပြောလိုပါဘူးရှင်
နောက်ပြီး ကျွန်မသည်အနုပညာဆိုတဲ့အရာတစ်ခုကိုစာတွေနဲ့ဖော်ပြတဲ့အတွက် စိတ်ကူးဟာစိတ်ရှိသလိုလွင့်ပါမယ် ဇာတ်ရေးတဲ့အခါ ဖြစ်သင့်မဖြစ်သင့်ပုဂ္ဂိုလ်ရေးခံစားချက်တွေပါလို့မရဘူးရှင့် ဖန်တီးမှုအတွက်လွတ်လပ်ခွင့်ပေးပါလို့သာ ပြောချင်ပါတော့တယ် ကျွန်မသည်လည်း stress များစွာထဲကနေ Up ပေးနေပါတယ် သီတာရေကြည်နဲ့ဆင်တယ်ပြောရအောင်ကလည်း အမြင်မတော်လို့ကူညီတာတောင်ဒီဇာတ်ကကွဲပါတယ် ဒီကလေးကိုအစ်မကြောင့်စောင့်ရှောက်ရင်း သူ့ခမျာတွယ်ရုံတွယ်နေရုံအပိုင်းရှိပါသေးတယ် အနေနီးလို့ဖြစ်သွားတယ်ဆိုတဲ့မြစိတ်ကိုလည်းပြောသွားရဲ့နော်
ဇာတ်ကတော့မပြီးသေးဘူးရှင့် ကျွန်မပြချင်တာက နှင်းရည်သန့်တုန်းက ကူညီပေမယ့် နန်းရေကြည်က နှင်းရည်သန့်ဘက်ကိုတိုး၀င်လာဝာာပါ ကူညီတယ်ဆိုလို့ပါလေ ခုက ဒေါ်နန်းစိတ်ကလေးကတိုး၀င်လာတာ ဒါပေမယ့် သူမလွန်သေးပါဘူး မြကိုယ်တိုင်လည်းသူ့ကိုယ်သူနာကျင်နေတဲ့အချိန်မှာ သူ့ကိုအားပေးနှစ်သိမ့်ရင်း အနာကျက်စေတဲ့သူကိုတွယ်မိရင်တောင် မြကိုကျွန်မတို့အပြစ်ပြောလို့မရပါဘူး ဓားနဲ့ပန်း ဘာနဲ့ထိုးတာခံချင်မလဲရှင် ဒီသဘောပါ ကျွန်မအနေနဲ့တော့ဒါလေးဆွေးနွေးခဲ့ပါပြီ ကျွန်မရေးတာတွေဟာ စိတ်ကြိုက်မတွေ့ခဲ့ဘူးဆိုရင်တော့ ကျွန်မညံ့ဖျင်းတာပေါ့ရှင် ကျေးဇူးပါ
ESTÁS LEYENDO
She is my first love (Completed)(Unicode+Zawgyi)
Romanceတက္ကသိုလ်အချစ်ဇာတ်လမ်းလေးပါပဲ Age gap မို့ ဖတ်ရှု့ခံစားပေးပါဦး နူးညံ့ချိုမြိန်သောအချစ်ရဲ့ရသတွေခံစားကြဦးစို့