အပိုင်း - ၂၃(Zawgyi)

285 6 0
                                    

                   မျက်ရည်ဝေသောည

      Piloအောက်ထပ်မှ မြနှင်းဥ၏ပျော့ခွေနေသည့်ခန္ဓာကိုယ်သေးသေးလေးအား သွေးအလိမ်းလိမ်းနှင့်အတူ သယ်လာရာ အခုမှ philo ဆောင်အောက်ဆင်ဝင်ကိုရောက်လာသည့်ဒေါ်ရီဝေနိုင်နှင့်ဆုံရာ -

"ဟယ် သမီးရယ် "

      မြနှင်းဥ၏သွေးသံရဲရဲပုံကိုမြင်၍ ဒေါ်ရီဝေနိုင်ပါစိတ်ထိခိုက်သွားပုံရသည်။မျက်နှာသည်ကျောက်ရုပ်ကဲ့သို့တည်နေသော်လည်း မျက်ရည်များကဆက်တိုက်ကျနေသည့်ဒေါ်နန်းကေသရီကမူ -

"အတော်ပဲ ကလေးကိုဆေးရုံပို့ရမယ် နင်နောက်ခန်းမှာကလေးနဲ့အတူလိုက်ခဲ့အနိုင်"

"အေးအေး"

"ငါ့ကိုကားတံခါးဖွင့်ကူ"

     အလောတကြီးကားကိုမောင်းလာခဲ့ရာ ဆင်ဝင်ရှေ့တွင်ကိုမရပ်လိုက်ရ။အဆောင်ရှေ့လမ်းပေါ်တင်ရပ်ပစ်ခဲ့၍ ကားဆီသို့မြနှင်းဥကိုချီမသွားလေသည်။မြနှင်းဥခဗျာ ရိုက်နှက်နေစဉ်သတိမမေ့ဘဲ ယခုမှသတိမေ့သွားဟန်တူသည်။ညည်းသံမျှပင်မကြားရ။နှစ်ယောက်သားကျောင်းမှဆေးရုံဆီသို့သွားကြရာလမ်းတွင် ကားမှာအမြန်ဆုံးအလျင်ဖြင့်မောင်းနှင်နေလေသည်။

       ပြည့်သူ့ဆေးရုံထက်နီးစပ်ရာပုဂ္ဂလိကဆေးရုံဆီအရင်မောင်းသွားလိုက်၍ ဆေးရုံရှေ့အရောက် ကားရပ်လိုက်ကာ ဒေါ်ရီဝေနိုင်၏အကူအညီဖြင့် မြနှင်းဥကိုအသာပွေ့ကာ ဆေးရုံ၏ဧည့်ကြိုကောင်တာနားဆီရောက်သွားလျှင် ဧည့်ကြိုကောင်တာတွင်ရပ်နေသည့် သူမ၏အစ်မကိုမထင်မှတ်ဘဲတွေ့လိုက်ရသည်။

      ထိုအခါမျက်ရည်စက်လက်နှင့်ဒေါ်နန်းကေသရီမှာ အပူရုပ်ကိုဟန်လုပ်လည်းမနေနိုင်တော့ကာငိုသံပါလာကာ -

"မမရယ် လုပ်ပါဦး နန်းကေကလေးကိုကယ်ပါဦး"

"မမ နော်လို့"

"အေးပါ စိတ်အေးအေးထား"

         ခွဲစိတ်အထူးကုဆရာဝန်အနေဖြင့် လစ်လပ်နေသောနေရာတွင် ခေတ္တ၀င်ကူသည့်သဘောနှင့်ရောက်ရှိနေသည့် ဒေါ်နန်းတင်တင်ရီနှင့်ဆုံလေသည်။မြနှင်းဥအား ချက်ချင်း operation theatre ဆီခေါ်ဆောင်သွားလေသည်။Theatreအပြင်ဘက်တွင် ဒေါ်ရီဝေနိုင်နှင့်သူမနှစ်ယောက်တည်းဖြစ်သည်။

She is my first love (Completed)(Unicode+Zawgyi)Donde viven las historias. Descúbrelo ahora