ကျွန်တော်ရဲ့ဘဝဟာဘယ်ကအခြေစသလဲလို့မေးရင်ကျွန်တော်မသိပါ။ကျွန်တော်သိတာတစ်ခုကကျွန်တော်ကိုငယ်ကတည်းကမိဘတွေကစွန့်ပစ်သွားခဲ့တာ။အင်းပေါ့ဘယ်သူက ကျွန်တော်ကိုလိုချင်မှာလဲ။ကျွန်တော်ကသူတို့အတွက်လူပိုဖြစ်နေမိတာ။ကျွန်တော်ကိုလူလောကထဲရောက်အောင်ပို့ပေးပြီးမှဒီလိုမျိုးစွန့်ပစ်ရက်တယ်ဗျာ။ခင်ဗျားတို့ဟာ....လူစိတ်မရှိတဲ့လူတွေဘဲဗျာ...နောင်တများစွာဖြင့်.....
........................................................................
သွေးရဲ
______ကျွန်တော်လူလောကထဲစရောက်လာကတည်းအရယ်အပြုံးမရှိတဲ့သူတဲ့။ကျွန်တော်ကိုအဲတာတွေသင်မှမသင်ပေးခဲ့တာ။ကျွန်တော်ကငယ်ကတည်းကနို့ဘူးစိုပြီးမွေးလာတာဆိုတော့တခြားသူတွေလိုမျိုးအကောင်မကြီးတော့တာ မထူးဆန်းတော့ပါဘူး။ကျွန်တော်ကိုမွေးစားမိဘတွေကငယ်တုန်းကချစ်ခဲ့ပေမဲ့ ကျွန်တော်အသက်၁၅နှစ်ရောက်တဲ့အချိန်မှာတော့ကျွန်တော်ကိုဂရုကိုမစိုက်တော့။အင်းပေါ့ကျွန်တော်ကမွေးစားသားဆိုတော့ဂရုစိုက်ပါမလား။
ကျွန်တော်နေသားကျသွားပါပြီ တစ်ယောက်တည်းနေရတာကို။အထီးကျန်ပေမဲ့လည်းဒီလိုပဲဖြတ်သန်းရမှာမို့တစ်ယောက်တည်းနေတတ်အောင်လေ့ကျင့်ရတာပေါ့ဗျာ။ကျွန်တော်ခုဆို အထက်တန်းကျောင်းသားတောင်ရောက်နေပါပြီ။နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ဆယ်တန်းစာမေးပွဲကြီးကိုရင်ဆိုင်ရမှာ။ကျွန်တော်ဒီနှစ်အကောင်းဆုံးကြိုးစားသွားမယ်လို့ကိုယ်ကိုကိုယ်ဆုံးဖြတ်ချက်ချလိုက်ပါသည်။ဘာလိုလိုနဲ့ဆယ်တန်းတောင်ရောက်ခဲ့ပြီပဲ။
"ဟေ့ကောင်သွေးရဲ...မင်းကိုခေါ်နေတာနားပင်းနေလား"
"ဟုတ်ကဲ့...ကျွန်တော်နားမပင်းပါဘူးဦးလေးကြီး...ကျွန်တော်ကိုဘာခိုင်းစရာရှိလို့လဲဗျာ"
"ကြားလျှင်ခပ်မြန်မြန်လာ...ငါအတွက်ရက်ပုလင်းတစ်ဘူးလောက်သွားဝယ်ချေ"
"ဟုတ်..."
ကျွန်တော်ခပ်မြန်မြန်ပင်ဦးလေးကြီးဆီကပိုက်ဆံယူပြီးတော့အရက်ရောင်းတဲ့ဆိုင်ကိုသွားခဲ့ရတယ်။လမ်းမှာတွေ့သမျှလူတိုင်းက ကျွန်တော်ကို အရက်သောက်မလို့လားတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ရုပ်ရည်နဲ့ကိုမလိုက်ဘူးတဲ့။
YOU ARE READING
ကျွန်တော်၏ကောင်ဆိုးလေး(season1)
Romance"ကောင်းကင်လရောင်"ဆိုသောကောင်ဆိုးလေးဟာ ကျွန်တော်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုပါပဲ... #သွေးရဲ