နာရီကိုကြည့်မိတော့မနက်၆နာရီ။အိပ်ရာကအမြန်ထပြီးတစ်ကိုယ်ရေသန့်ရှင်းရေးလုပ်လိုက်မှ။ဟိုကောင်လေးကိုလည်း အိမ်ရှေ့မှာသွားစောင့်ရမှာဆိုတော့ခပ်မြန်မြန်ပင်အိမ်ရှေ့ထွက်လာခဲ့တယ်။အိမ်ရှေ့ရောက်တော့ နားဖို့ပြုလုပ်ပေးထားတဲ့ထိုင်ခုံလေးမှာထိုင်ပြီးသူကိုစောင့်နေခဲ့တယ်။
ကလစ်..ကလစ်..
စက်ဘီးဟွန်းတီးလိုက်ကာမှာကျွန်တော်သူလာနေမှန်းသိလိုက်တယ်။ထိုင်ခုံမှာထိုင်မနေတော့ဘဲသူကိုသွားကြိုဖို့လုပ်လိုက်သည်။"ဟေ့ကောင်..ရောက်ချလာပြီအစောကြီး"
"ဒီအချိန်တောင်စောသေးတာလား..နောက်ဆိုကျုပ်မနက်၄နာရီတောင်လာပြဦးမယ်"
အရွဲတိုက်သည့်မျက်နှာထားနှင့်ပြောလာသောကြောင့်မျက်စောင်းဒိုင်းဒနဲထိုးမိသည်။
"တော်တော်အကြောတင်းတဲ့ကောင်ပဲ..ပြောလည်းမနိုင်ပီခင်ဗျားကို"
"မနိုင်ရင်လည်းပါးစပ်ပိတ်ပြီးအသာနေ"
ဘုရင်တစ်ယောက်လိုအာဏာအပြည့်နှင့်လေသံပြင်းကာပြောဆိုဟန်တူသည်။နှုတ်ခမ်းကိုအပေါ်သို့တစ်ချက်တင်ကာအနည်းငယ်ပြုံးဟန်ရှိသလိုပြုလုပ်သည်။
"အိမ်ထဲဝင်မလား..မဝင်ဘူးလား"
"မဝင်ဘူး..ကျုပ်ကိုဟေ့ကောင်လိုခေါ်လို့စိတ်မကြည်ဘူး"
ကလေးတစ်ယောက်လိုစိတ်ဆိုးနေတာလား။ဒါမှမဟုတ်လူကြီးပုံဖမ်းတာလား။ပြန်မချောရသည့်ပုံစံဖြင့်နှုတ်ခမ်းလေးစူကာရပ်နေတော့သည်။
"ဟေ့ကောင်လိုမခေါ်ရင်ဘယ်လိုခေါ်ရမှာ"
"ကောင်းကင်"လို့ခေါ် ကျုပ်ကို"
ပိုင်နက်ကျူးကျွန်မှုပြစ်ဒဏ်နှင့်သူ့အားတရားစွဲချင်တော့သည်။အမိန့်ပေးသံနှင့်ပြောသည့်ကြောင့်ကျွန်တော်ဇွတ်ငြင်းပစ်ရဦးမည်။
"မခေါ်နိုင်ပါဘူး..ကျွန်ေတာ်ကခင်ဗျားချစ်သူမှမဟုတ်တာ"
"ခေါ်မှာလားမခေါ်ဘူးလား..ကျုပ်စိတ်ကသိပ်မရှည်ဘူးနော်"
ကျွန်တော်အမေပုံစံနဲ့လာပြောနေသောကြောင့်ပြန်ပြီးသူ့အားအရွဲတိုက်မိသည်။
YOU ARE READING
ကျွန်တော်၏ကောင်ဆိုးလေး(season1)
Lãng mạn"ကောင်းကင်လရောင်"ဆိုသောကောင်ဆိုးလေးဟာ ကျွန်တော်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုပါပဲ... #သွေးရဲ