Part 10

66 4 0
                                    

"အမေ..သားအမှတ်သိလာပြီဗျ.."

"ငါသားလေးကအမှတ်ဘယ်လောက်ရတာတုံး..ပြောပါအုန်း"

"သားအမှတ်စုစုပေါင်း၅၇၉မှတ်.."

"တော်လိုက်တာသားရရ်.."

ချိုမြိန်မှုနှင့်ပြည်စုံသောအသံကြောင့်စိတ်ထဲကြည်နူးစေခဲ့သည်။တစ်ဖန်ပွေ့ဖက်မှုဖြင့်အိမ်ရှေ့ပေါက်ဝကနေဆီးကြိုခြင်းပြုလုပ်ခဲ့သည်။နွေးထွေးမှုရှိလှသောမေတ္တာဓာတ်ကိုလည်းအပြည့်အဝခံစားခဲ့ရသည်။မွေးစားအမေ၏မျက်နှာပြင်တွင်ပြည်နက်နေသောအပြုံးများကိုလည်းနေ့တိုင်းမြင်ဖူးချင်မိသည်။ပျော်ရွှင်မှုပီတီကြောင့်ကျွန်တော်၏မျက်နှာပြင်ပေါ်တွင်ကျဆင်းလာသောမျက်ရည်တစ်စက်။ဝမ်းနည်းမှုကြောင့်မဟုတ်ဘဲအတိုင်းမသိပျော်ရွှင်ခဲ့ရသောကြည်နူးမှုတစ်ခုကြောင့်။အမြဲလိုလိုတောင်းတခဲ့ဖူးသောအမေတို့၏ချစ်ခြင်းတရားကိုယခုပြန်လည်ရရှိခဲ့လေပြီ။

အိမ်ထဲဝင်ပြီးဆိုဖာပေါ်တွင်ခနတစ်ဖြုတ်လောက်ထိုင်နေမိသည်။အမေလာချပေးထားသောဖျော်ရည်ခွက်ကိုကြည့်ပြီးစိတ်ထဲဝမ်းသာမိသည်။ဖျော်ရည်ခွက်ကိုယူပြီးမော့ချသောက်ပစ်ကာစိတ်ထဲအေးမြစေသည်။

​ေလကောင်းလေသန့်ရဖို့အိမ်ရှေ့၌ရှိသောသစ်ပင်အောက်သို့လျှောက်လှမ်းလာခဲ့သည်။

မိုးဦးကာလကုန်ဆုံးပြီးဆောင်းဝင်စလေများကတစ်ဖန်အေးမြမှုဖြင့်ပြန်လည်ဆီးကြိုနေပေသည်။သစ်ပင်၏အရိပ်ကလည်းကျွန်တော်အားအေးမြမှုဖြင့်ဆီးကြိုနေစမြဲ။သစ်ပင်အောက်ကွပ်ပျစ်၌ထိုင်ပြီးအနီးနားပတ်ဝန်းကျင်ကိုငေးကြည့်မိသည်။ဆောင်းအဝင်ကြောင့်ပျာယာခတ်နေသောငှက်ကလေးတစ်စုကိုလည်းကွပ်ပျစ်ကနေရှုမြင်နေရသည်။ညနေဆည်းဆာ၏အလှသည်လောကကြီးကိုတစ်မျိုးအလှဆင်ပေးတတ်သည်။လူတစ်ယောက်၏စိတ်ကိုနူးညံအောင်သဘာဝတရားကြီးကစွမ်းဆောင်လုပ်နိုင်ပေမည်။

သစ်ပင်အောက်ကွပ်ပျစ်၌ထိုင်ပြီးနေဝင်ချိန်ကိုစောင့်စားလျက်။လေအေးများဖြင့်တဖြူးဖြူးတိုက်ခိုက်လာကာကြက်သီးမွေးပင်ထမိစေသည်။တဖြည်းဖြည်းအောက်ဆင်းလာသောနေလုံးကြီးကြောင့်အလင်းရောင်မရှိဘဲမှောင်စပျိုးလာတော့မည်။ကြက်သွေးရောင်ရှိသောနေဝင်ဆည်းဆာ၏အလှကိုနေ့တိုင်းကြည့်ရှုချင်မိသေး။တစ်ယောက်တည်းမဟုတ်ဘဲအဖော်တစ်ယောက်နှင့်အတူကြည့်ရှုချင်တာ။ကျွန်တော်၏သူငယ်ချင်းဖြစ်သောကောင်းကင်လရောင်ကိုသွားသတိရမိသည်။ထိုကောင်လေးကြောင့်ကျွန်တော်နေ့တိုင်းပျော်ရွှင်ခဲ့ရသည်။ကြည်နူးခဲ့ရသည်။အများနှင့်မတူသောပျော်ရွှင်မှုကိုလည်းပေးဆောင်တတ်သည်။သူ၏မျက်ဝန်းများကိုတစ်နေ့လုံးကိုကြည်ရှုချင်မိသည်..

ကျွန်တော်၏ကောင်ဆိုးလေး(season1)Where stories live. Discover now