စာမေးပွဲဖြေချိန်ရောက်တော့အသည်းအသန်စာကိုလည်းလုကျက်ရသေး။စာတွေကလည်းတစ်နေ့တစ်ခြားများလို့လာခဲ့သည်။ကျွန်တော်အချိန်မှန်မှန်နှင့်စာလုပ်လို့သာကျွန်တော်အတွက်သိပ်မပင်ပန်းလှ။စာကိုကြေကြေညက်ညက်ဖြစ်နေတော့စာမေးပွဲဖြေခန်းထဲဝင်လာမိတယ်။
"စာမေးပွဲဖြေခန်းထဲရောက်ပြီဆိုတော့..အသံတွေမထွက်ကြနဲ့တော့"
စာမေးပွဲလာဖြေတဲ့ကျောင်းသူများအသံပင်မထွက်ရဲကြပေ။အချိန်က၉နာရီဆိုစဖြေရမယ်ဆိုတော့ရင်တထိတ်ထိတ်စောင့်ဆိုင်းနေမိသည်။ကျွန်တော်ခုံနံပါတ်က၃ဟိုကောင်လေး၏ခုံနံပါတ်က၁၉တဲ့။ကျွန်တော်နဲ့အတော်ကိုဝေးသွားပြီ။သူမျက်နှာလည်းမမြင်ရဆိုတော့ကျွန်တော်သူအားစိုးရိမ်မိသည်။သူဖြေနိုင်ပါမလား။
ဒေါက်..ဒေါက်..ဒေါက်
ကျောင်းခေါင်းလောင်းတီးလိုက်သည်နှင့်တစ်ပြိုင်နက်အခန်းစောင့်ဆရာမကမေးခွန်းတွေလာချပေးသည်။ကျွန်တော်မေးခွန်းကိုမြင်လိုက်တော့..ကျွန်တော်အတွက်အကုန်လုံးနီးပါးလွယ်နေသလိုတောင်ဖြစ်သေး။
အချိန်လည်းကုန်ပြီဆိုတော့ဖြေစာရွက်သိမ်းဆည်းလိုက်သည်။ကျွန်တော်လည်းစာမေးပွဲဖြေခန်းထဲကထွက်ပြီးဟိုကောင်လေးအားစောင့်နေမိသည်။
ကျွန်တော်ဆီပြေးလာသောထိုကောင်လေးအားစိုးရိမ်စိတ်ဖြင့်အနည်းငယ်ကြည့်မိသေး။
"ခင်ဗျားဖြေနိုင်လား.."
"ဖြေနိုင်ပါတယ်ဗျာ..လွယ်လွန်းလို့မျက်စိမှိတ်ပြီးဖြေလို့ရတယ်"
"ေလကြီးလေကျယ်နဲ့.."
"တကယ်ပြောတာကိုဗျာ"
"ဖြေနိုင်ရင်ဆိုစိတ်မပူတော့ပီ"
"ကျုပ်ကိုစိတ်ပူနေတယ်ပေါ့.."
"ခင်ဗျားက ကျွန်တော်သူငယ်ချင်းပဲလေ..စိတ်မပူဘဲနေမလား"
"ဟုတ်ကဲ့ပါဗျာ..ကျုပ်နဲ့အတူမုန့်သွားစားမယ်လိုက်မလား"
"မလိုက်တော့ဘူး..စာသွားလုပ်ရဦးမယ်"
"ခင်ဗျားစာချည်းလုပ်မနေနဲ့..ရူးသွားဦးမယ်"
"မရူးပါဘူး.."
YOU ARE READING
ကျွန်တော်၏ကောင်ဆိုးလေး(season1)
Romance"ကောင်းကင်လရောင်"ဆိုသောကောင်ဆိုးလေးဟာ ကျွန်တော်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုပါပဲ... #သွေးရဲ