ကလစ်..ကလစ်..
စက်ဘီးသံကြားလိုက်ရသည်နှင့်ကျွန်တော်ခပ်မြန်မြန်အိမ်ရှေ့ပြေးလာခဲ့လိုက်သည်။
"ခင်ဗျားကျုပ်ကိုခုမှလာစောင့်တာပေါ့.."
"မဟုတ်ပါဘူးဟ..ခုလည်းလာကြိုနေပြီပဲလေ"
"ကျုပ်မကြိုက်ဘူးနော်..ဘာလုပ်လုပ်ကျုပ်ကိုဦးစားပေးရမယ်"
"အင်း..သိပါပြီ"
"ကျုပ်ကိုသံပရာရည်တစ်ခွက်လောက်သွားဖျော်ပေးလို့ရမလားဗျ"
"အင်း..သစ်ပင်အောက်မှာခနစောင့်နေနော်.."
"ဟုတ်ဗျာ.."
ကျွန်တော်အိမ်ထဲဝင်သွားပြီသံပရာရည်ဖျော်ဖို့သံပရာသီးကိုလိုက်ရှာလိုက်သည်။
"အမေ..သားကိုသံပရာသီးတစ်လုံးနှစ်လုံးပေးလို့ရမလား"
"ခြင်းထဲမှာရှိတယ်သား..ဒါနဲ့ဘာလုပ်မလို့တုံး"
"သားသူငယ်ချင်းကိုသံပရာရည်ဖျော်ပေးမလို့ပါအမေ.."
"အော်..အေးအေး.."
ကျွန်တော်သံပရာသီးရပြီဆိုတော့သကြားကိုမီးဖိုချောင်ဆီမှသွားယူလိုက်တယ်။သံပရာသီးကိုဓားဖြင့်နှစ်ပိုင်းလှီးပြီးခွက်ထဲသို့အရည်ညစ်လိုက်သည်။သံပရာသီးညစ်ထားသောခွက်ထဲသို့သကြား၂ဇွန်းလောက်ထည့်ချလိုက်သည်။ပြီးနောက်ရေထည့်၍ရောသမမွှေအောင်မွှေလိုက်သည်။သံပရာရည်လည်းရပြီဆိုတော့သစ်ပင်အောက်မှာစောင့်နေတဲ့ကောင်လေးဆီသွားပေးရမှာပေါ့။
"ကောင်းကင်..သံပရာရည်ရပြီ.."
"ခင်ဗျားအမေကိုသွားဖျော်ခိုင်းတာမလား..အဲဆိုကျုပ်မသောက်ဘူးနော်"
"ကျွန်တော်ကိုယ်တိုင်ဖျော်ထားတာမသောက်ရင်လည်းပေးကျွန်တော်သောက်မယ်"
"ခင်ဗျားဖျော်ထားတာဆိုတော့ကျုပ်သောက်ပေးရမှာပေါ့ဗျ"
"ရော့သောက်သောက်..တော်တော်ကိုအလိုက်ကန်းဆိုးမသိတဲ့ကောင်"
"အမြဲဆူပုတ်နေတာဘဲခင်ဗျားက..လာလာကျုပ်နားလာထိုင်"
ကျွန်တော်သူနားမှာထိုင်ချလိုက်ကာသူ့သောက်ပြီးတဲ့အချိန်ကိုတောင်လိုက်စောင့်နေရသည်။
YOU ARE READING
ကျွန်တော်၏ကောင်ဆိုးလေး(season1)
Romance"ကောင်းကင်လရောင်"ဆိုသောကောင်ဆိုးလေးဟာ ကျွန်တော်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုပါပဲ... #သွေးရဲ